တရုတ်နိုင်ငံမှ တီထွင်ထုတ်လုပ်သော HH-100 မောင်းသူမဲ့ သယ်ယူပို့ဆောင်ရေး လေယာဉ်သည် ၎င်း၏ ပထမဆုံး ပျံသန်းမှုကို အောင်မြင်စွာ ပြုလုပ်နိုင်ခဲ့

(GMT+08:00)2024-06-13 15:02:42  

ဇွန်လ ၁၂ ရက်နေ့က တရုတ်လေကြောင်းစက်မှုလုပ်ငန်းကော်ပိုရေးရှင်းမှ ကိုယ်တိုင် တီထွင်ထုတ်လုပ် ထားသည့် HH-100 Commercial အသုံးပြု မောင်းသူမဲ့ သယ်ယူပို့ဆောင်ရေးလေယာဉ်သည် စန်ရှီးပြည်နယ်တွင် ၎င်း၏ ပထမဆုံး စမ်းသပ်ပျံသန်းမှု အောင်မြင်စွာ ပြီးဆုံးခဲ့ပြီး ယင်းလေယာဉ်အမျိုးအစားသည် သိပ္ပံသုတေသနနှင့် စမ်းသပ်ပျံသန်းမှုအဆင့်သို့ တရားဝင်ကူးပြောင်းခဲ့သည်ဟု ပြဆိုထားသည်။ HH-100 Commercial အသုံးပြု မောင်းသူမဲ့ သယ်ယူပို့ဆောင်ရေးလေယာဉ်သည် ကုန်ကျစရိတ်သက်သာခြင်း၊ သယ်ဆောင်မှု တန်ချိန်ကြီးမားခြင်း စသည့်ထူးခြားချက်များရှိပြီး အဓိကအသုံးချမှုအခြေအနေမှာ feeder logistics ဖြစ်ပြီး တစ်ချိန်တည်းတွင် ၎င်းကို သစ်တောနှင့် မြက်ခင်းပြင် မီးငြှိမ်းသတ်ခြင်း၊ မီးစောင့်ကြည့်ခြင်း၊ ကယ်ဆယ်ရေးပစ္စည်း သယ်ယူပို့ဆောင်ခြင်း၊ လူလုပ် မိုးရေချိန် တိုးစေခြင်း (man-made precipitation) စသည့် အခြေအနေများတွင်လည်း အသုံးချနိုင်သည်။