"တရုတ်ရှင်းကျန်း၏ သမိုင်းနှင့်အနာဂတ်" နိုင်ငံတကာ ဖိုရမ်ကို ရှင်းကျန်း ကာဆယ်မြို့ မှာ ကျင်းပ

(GMT+08:00)2024-06-13 14:51:23  

ဇွန်လ ၁၂ ရက်နေ့က "တရုတ်ရှင်းကျန်း၏သမိုင်းနှင့်အနာဂတ်" နိုင်ငံတကာဖိုရမ်ကို ရှင်းကျန်း ကာဆယ်မြို့ မှာ ကျင်းပခဲ့ပြီး ရှေးဟောင်းသုတေသနပြုခြင်းနှင့်သမိုင်းနယ်ပယ်တွင် နိုင်ငံတကာ နှီးနှောဖလှယ်ခြင်းမှတစ်ဆင့် ရှင်းကျန်း၏သမိုင်းနှင့်လူမှုယဉ်ကျေးမှု၏  မျိုးစုံရှိရေးနှင့် တစ်သားတည်းဖြစ်မှု ဆိုင်ရာ သုတေသနပြုမှုကို မြှင့်တင်ရန်နှင့် တရုတ်-နိုင်ငံခြား ယဉ်ကျေးမှု ကူးလူးဖလှယ်ခြင်းနှင့် အပြန်အလှန် နည်းယူလေ့လာခြင်း နက်ရှိုင်းစေ ရန် ရည်ရွယ်ကြောင်း သိရပါသည်။

ဖိုရမ်သို့ ကာဇက်စတန်၊ အမေရိကန်၊ သြစတြေးလျ၊ အီဂျစ်နှင့် အခြားနိုင်ငံများမှ ပညာရှင်များ ၁၇၀ ကျော်  တက်ရောက်ခဲ့သည်။ ရှင်းကျန်းရှေးဟောင်းသုတေသနပညာနှင့် တရုတ်အမျိုးသား လူမျိုးစုပေါင်းစုံ တစ်သားတည်းဖြစ်မှု၊ ရှင်းကျန်းသမိုင်းနှင့် တရုတ်ယဉ်ကျေးမှုများ မျိုးစုံ ကြွယ်ဝခြင်း၊ ရှေးခေတ်အနောက်ဘက်ပြည်နယ်များရှိ ပိုးလမ်းမကြီးနှင့် အရှေ့တိုင်းနှင့် အနောက်တိုင်း ယဉ်ကျေးမှုများ အကြား အပြန်အလှန် ဖလှယ်ခြင်းနှင့် သင်ယူမှု၊ ရှင်းကျန်း ဖွံ့ဖြိုးတိုးတက်မှုနှင့် တရုတ်အသွင်ပုံစံ ခေတ်မီရေးဆိုင်ရာ ခေါင်းစဉ်များဖြင့် ဆွေးနွေးခဲ့ကြကြောင်း သတင်းအရ သိရှိရ သည်။