မြန်မာရဲတပ်ဖွဲ့သည် ရှမ်းပြည်နယ်တွင် မူးယစ်ဆေးဝါး ကီလိုဂရမ် ၇၀၀ ကို ရှာဖွေဖမ်းဆီးခဲ့

(GMT+08:00)2024-06-13 14:46:42  

မြန်မာနိုင်ငံ မူးယစ်ဆေးဝါးနှင့် စိတ်ကို ပြောင်းလဲစေသော ဆေးဝါးများအန္တရာယ် တားဆီး ကာကွယ်ရေးဗဟိုအဖွဲ့မှ မြန်မာရဲတပ်ဖွဲ့သည် မကြာသေးမီက ရှမ်းပြည်နယ်တွင် အိုက်စ် (Ice) ကီလိုဂရမ် ၅၀၀ နှင့် ကက်တမင် (Ketamine) ကီလိုဂရမ် ၂၀၀ ကို ရှာဖွေသိမ်းဆည်းရခဲ့ကြောင်း ဇွန်လ ၁၂ ရက်နေ့က ပြောကြားခဲ့ပါသည်။
    မြန်မာနိုင်ငံ မူးယစ်ဆေးဝါးနှင့် စိတ်ကို ပြောင်းလဲစေသော ဆေးဝါးများအန္တရာယ် တားဆီး ကာကွယ်ရေးဗဟိုအဖွဲ့မှ မြန်မာရဲတပ်ဖွဲ့သည် သတင်းအရ  ဇွန်လ ၈ ရက်နေ့က ရှမ်းပြည်နယ် ကျိုင်းတုံ မြို့ရှိ ကားတစ်စီးပေါ်တွင် အဆိုပါမူးယစ်ဆေးဝါးများကို ရှာဖွေ တွေ့ရှိ သိမ်းဆည်း ခဲ့သည့်အပြင် သံသယရှိသူ ၂ ဦးကိုလည်း ဖမ်းဆီးနိုင်ခဲ့ကြောင်း၊ သက်ဆိုင်ရာ ဌာနသည် သံသယရှိသူများအား ဥပဒေနဲ့အညီ အရေးယူနိုင်ရန်  ဆက်လက်ဆောင်ရွက်နေကြောင်း  သတင်းအရ သိရှိရသည်။