အပစ်အခတ်ရပ်စဲရေး အဆိုပြုချက်တွင် အပြောင်းအလဲသစ်များ မရှိကြောင်း ဟားမတ်စ်အရာရှိဆို

(GMT+08:00)2024-06-13 14:55:44  

ပါလက်စတိုင်း အစ္စလာမ္မစ် တော်လှန်ရေး လှုပ်ရှားမှု အဖွဲ့ (ဟားမတ်စ်) မှ တာဝန်ရှိသူ တစ်ဦးက ဟားမတ်စ်သည် အမေရိကန် တင်ပြထားသော အပစ်အခတ် ရပ်စဲရေး အဆိုပြုချက်အား ပြန်လည် ပြုပြင်မှု အသစ်များကို မတင်သွင်းဘဲ ယခုနှစ် မေလတွင် ပြုလုပ်ခဲ့သော အပစ်အခတ် ရပ်စဲရေး ညှိနှိုင်းမှု အတွင်း သက်ဆိုင်ရာ ကတိကဝတ်များကိုသာ ထပ်မံဖော်ပြခဲ့သည်ဟု ဇွန်လ ၁၂ ရက်နေ့က ပြောကြား ခဲ့ သည်။

စေ့စပ်ညှိနှိုင်းမှုများ ပျက်ပြားပါက အစ္စရေးသည် အနာဂတ်တွင် စစ်ဖြစ်နိုင်သည်ဟု ၎င်းအရာရှိက ပြောကြားခဲ့ပါသည်။ အစ္စရေး စစ်ပွဲ ပြန်လည် မစတင်နိုင်စေရန်နှင့် အစ္စရေး အနေနှင့် အပစ်အခတ် ရပ်စဲရေး အဆိုပြုချက်ပါ အဆင့်များ၏ အစီအစဉ်များကို လိုက်နာ ဆောင်ရွက်စေရန် နိုင်ငံတကာ အသိုင်းအဝိုင်းများ အနေဖြင့်  အာမခံပေးနိုင်ဖို့ ဟားမတ်စ်အဖွဲ့က မျှော်လင့်ကြောင်း ပြောကြားခဲ့ ပါသည်။