တရုတ် ဗဟို စစ်ရေး ကော်မရှင် ဥက္ကဋ္ဌ ရှီကျင့်ဖိန်သည် အမိန့်ကို လက်မှတ်ရေးထိုးပြီး အသစ် ပြင်ဆင်ထားသည့် တပ်မတော် စာရင်းစစ် စည်းမျဉ်းများကို ထုတ်ပြန်

(GMT+08:00)2024-06-12 12:01:44  

 မကြာခင်ရက်များက တရုတ် ဗဟို စစ်ရေး ကော်မရှင် ဥက္ကဋ္ဌ ရှီကျင့်ဖိန်သည် အမိန့်ကို လက်မှတ် ရေးထိုးပြီး အသစ်ပြင်ဆင်ထားသည့် တပ်မတော် စာရင်းစစ် စည်းမျဉ်းများကို ထုတ်ပြန်ခဲ့ကြောင်း၊ ယင်းသည် ၂၀၂၄ခုနှစ် ဇူလိုင်လ ၁ ရက်နေ့တွင် စတင် အသက်ဝင်မည်ဖြစ်ကြောင်း သတင်းအရ သိရပါသည်။

ယင်း စည်းမျဉ်းများသည် ရှီကျင့်ဖိန်၏ တပ်မတော်အင်အား အားကောင်းစေရေးဆိုင်ရာ အတွေးအခေါ်များကို နက်ရှိုင်းစွာ အကောင်အထည် ဖော်ဆောင်ပြီး ရင်ဆိုင်နေလျက် အခြေအနေသစ်များ၊ အလုပ် တာဝန်သစ်များနှင့် လိုအပ်ချက်သစ်များနှင့် လိုက်လျောညီထွေဖြစ်အောင် တက်ကြွစွာ ဆောင်ရွက် ထားကြောင်း၊ ခေတ်သစ်တွင် တပ်မတော်  စာရင်းစစ်လုပ်ငန်းအတွက် အထွေထွေ လိုပ်အပ်ချက်များ၊ လုပ်ပိုင်ခွင့်နှင့် လုပ်ထုံးလုပ်နည်း ယန္တရားများကို စနစ်တကျ စံနှုန်းပြု သတ်မှတ်ထားပြီး စာရင်းစစ် လုပ်ငန်း၏ ကြီးကြပ်မှုနှင့် ဝန်ဆောင်မှုများကို ပိုမိုကောင်းမွန်စွာ အကျိုးဖြစ်ထွန်းစေရန်၊ နိုင်ငံတော် ကာကွယ်ရေးနှင့် တပ်မတော် တည်ဆောက်ရေး အရည်အသွေး မြင့်မား စွာ ဖွံ့ဖြိုးတိုးတက်မှုတို့ကို အာမခံပေးရန်အတွက် အလွန်အရေးကြီးကြောင်း သိရပါသည်။