ကောက်ညှင်းထုပ် ပွဲတော်တွင် တရုတ်မိတ်ဆွေဟောင်း လန်ဒီ ၏ အိမ်ကို လည်ပတ်

(GMT+08:00)2024-06-12 12:00:04  

ယခုနှစ် တရုတ်ရိုးရာကောက်ညှင်းထုပ် ပွဲတော်သည် ကုလသမဂ္ဂမှ တည်ထောင်ထားသည့် ယဉ်ကျေးမှု များဆွေးနွေးရေး နိုင်ငံတကာ နေ့နှင့် တိုက်ဆိုင်နေပါသည်။ ဒေသစံတော်ချိန် ဇွန်လ ၁၀ ရက်နေ့ က China Media Group နှင့် ချီကာဂို ဆိုင်ရာ တရုတ်ကောင်စစ်ဝန်ရုံးချုပ်တို့မှ ပူးပေါင်း ကျင်းပ သော "Written in the sky: ကောက်ညှင်းထုပ်ပွဲတော်တွင် တရုတ်မိတ်ဆွေဟောင်း လန်ဒီ ၏အိမ်ကို လည် ပတ်ခြင်း" လှုပ်ရှားမှုကို ချစ်ကြည်ရေး ပုဂ္ဂိုလ် မဒမ် လန်ဒီ ၏Muscatine ရှိအိမ်၌ ကျင်းပ ခဲ့သည်။ မဒမ် လန်ဒီ သည် မိသားစု အထူးညစာ စားပွဲမှ တစ်ဆင့် တရုတ်နှင့် အမေရိကန်မှ မိတ်ဆွေ များအား တရုတ် အစားအစာ မြည်းစမ်းပြီး ကောက်ညှင်းထုပ် ပွဲတော်ကို အတူနွှဲပျော်ရန် ဖိတ်ကြားခဲ့သည်။ တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ ပြန်ကြားရေး ဝန်ကြီးဌာန ဒုတိယ ဝန်ကြီး၊ China Media Group  ဥက္ကဋ္ဌ ရှိန့်ဟိုင်ရှုန် သည် ချစ်ကြည်ရင်းနှီးမှုကို ဖော်ပြရန်အတွက် မစဒမ် လန်ဒီထံ စာရေးပေး ခဲ့သည်။ ချီကာဂိုမြို့ရှိ တရုတ် ကောင်စစ်ဝန်ချုပ် Zhao Jian သည် အဆိုပါလှုပ်ရှားမှုသို့ တက်ရောက်ပြီး အမှာစကား ပြောကြား ခဲ့ပါသည်။