ရှီကျင့်ဖိန်သည် တရုတ် သိပ္ပံပညာ အကယ်ဒမီ တော်ဝင်ပညာရှင်၊ Tsinghua တက္ကသိုလ် ပါမောက္ခ Yao Qizhi ထံသို့ စာပြန်

(GMT+08:00)2024-06-12 16:13:31  

မကြာခင်က တရုတ် နိုင်ငံတော် သမ္မတ ရှီကျင့်ဖိန်သည် တရုတ် သိပ္ပံပညာ အကယ်ဒမီ တော်ဝင်ပညာရှင်၊ Tsinghua တက္ကသိုလ် ပါမောက္ခ Yao Qizhi ထံသို့ ပြန်စာ ရေးသားပြီး ရိုသေလေးစားစွာ နှုတ်ခွန်းဆက်သကြောင်းနှင့် နှစ်နှစ်ကာကာ ထက်ထက်သန်သန် ထားရှိသော မျှော်လင့်ချက်များကို ဖော်ပြထားပါသည်။

ရှီကျင့်ဖိန်၏ ပြန်စာတွင် ခင်ဗျားသည် အစကနဦး  စိတ်နှင့် လုပ်ငန်းတာဝန်များကို စွဲကိုင်ပြီး ကိုယ့်အားသာချက်များကို အသုံးပြုကာ ကိုယ့်အား ကိုယ်ကိုးပြီး ဆန်းသစ် တီထွင်ရေး ဆိုင်ရာ လူရည်ချွန်များ ကိုယ်တိုင် မွေးထုတ်ပေးရေး ပုံစံကို ဆက်လက် စူးစမ်း လေ့လာ ရှာဖွေရန် မျှော်လင့်ကြောင်း၊ ပညာရပ်ခွဲ တစ်ခုထက်ပိုသော ပညာရပ် (Interdisciplinary)နှင့် ရှေ့တန်း ဆန်းသစ်တီထွင်ရေးကို တွန်းအားပေးပြီး အဆင့်မြင့် လူရည်ချွန် မွေးထုတ်ပေးရေးနှင့် သိပ္ပံနည်းပညာ ဆန်းသစ်တီထွင်ရေး အခြေခံ စခန်းကို ဖန်တီးကာ အဆင့်မြင့် သိပ္ပံနည်းပညာ ဆိုင်ရာ ကိုယ့်ခြေထောက်ပေါ် ကိုယ်ရပ်တည်နိုင်ခြင်း ကို အကောင်အထည် ဖော်ဆောင်ရေးနှင့် ပညာရေး ဆိုင်ရာ အင်အားတောင့်တင်းသော နိုင်ငံ နှင့် သိပ္ပံနည်းပညာ အင်အားတောင့်တင်းသော နိုင်ငံ တည်ဆောက်ရေး အတွက် အကျိုးပြုမှု သစ်များကို စွမ်းဆောင်ရန် မျှော်လင့်ကြောင်း ရေးသားဖော်ပြထားပါသည်။