လီချန်သည် နယူးဇီလန်၊ ဩစတြေးလျ နှင့် မလေးရှားသို့ တရားဝင် ခရီး လှည့်လည်မည်

(GMT+08:00)2024-06-12 12:41:47  

နယူးဇီလန်နိုင်ငံဝန်ကြီးချုပ် Luxon၊ ဩစတြေးလျနိုင်ငံဝန်ကြီးချုပ် Albanese နှင့် မလေးရှားနိုင်ငံဝန်ကြီးချုပ် Anwarတို့၏ဖိတ်ကြားချက်များအရ တရုတ်နိုင်ငံတော်ကောင်စီ ဝန်ကြီးချုပ် လီချန်သည် ဇွန်လ ၁၃ရက်နေ့မှ ၂၀ရက်နေ့အထိ နယူးဇီလန်၊ ဩစတြေးလျ နှင့် မလေးရှားသို့ တရားဝင်ခရီး လှည့်လည်မည်ဖြစ်ကြောင်း၊ ဩစတြေးလျ၌ ခရီးလှည့်လည်ရာ တွင် ဝန်ကြီးချုပ် လီချန်သည် ဩစတြေးလျဝန်ကြီးချုပ် Albaneseနှင့်အတူ နဝမ အကြိမ် မြောက် တရုတ်-ဩစတြေးလျ ဝန်ကြီးချုပ်များ နှစ်ပတ်လည်တွေ့ဆုံပွဲကို ကျင်းပ မည် ဖြစ် ကြောင်း China Media Groupမှ သတင်းအရ သိရပါသည်။