တရုတ်ကွန်မြူနစ်ပါတီဗဟိုကော်မတီ ပြုပြင်ပြောင်းလဲရေး ဘက်စုံဇောက်ချပြုလုပ်ရေး ကော်မရှင် ပဉ္စမအကြိမ်မြောက် အစည်းအဝေးကို ရှီကျင့်ဖိန် မှ ကြီးမှူးကျင်းပ

(GMT+08:00)2024-06-12 12:41:00  

    တရုတ်ကွန်မြူနစ်ပါတီဗဟိုကော်မတီ အထွေထွေအတွင်းရေးမှူး၊ နိုင်ငံတော်သမ္မတ၊ ဗဟိုစစ်ရေးကော်မရှင်ဥက္ကဋ္ဌ၊ တရုတ်ကွန်မြူနစ်ပါတီဗဟိုကော်မတီ ပြုပြင်ပြောင်းလဲရေး ဘက်စုံဇောက်ချပြုလုပ်ရေးကော်မရှင်ဥက္ကဋ္ဌ ရှီကျင့်ဖိန် သည် ဇွန်လ ၁၁ ရက်နေ့ ညနေပိုင်း တွင် တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ ပြုပြင်ပြောင်းလဲရေး ဘက်စုံဇောက်ချပြုလုပ်ရေး ကော်မရှင် ပဉ္စမအကြိမ်မြောက်အစည်းအဝေးကို ကြီးမှူးကျင်းပခဲ့ပါသည်။ အစည်းအဝေး တွင် “တရုတ်ထူးခြားချက် လက္ခဏာပါရှိသော ခေတ်မီလုပ်ငန်းကုမ္ပဏီစနစ် ပြီးပြည့်စုံ ကောင်းမွန်စေရေးဆိုင်ရာ အကြံပေးချက်များ”၊ “ကောက်ပဲသီးနှံ စိုက်ပျိုးသော တောင်သူ လယ်သမားများ၏ ဝင်ငွေ အာမခံစနစ်နှင့် ကောက်ပဲသီးနှံ အဓိကထွက်ရှိရာဒေသများ အကျိုးခံစားခွင့် ဖြည့်ပေးရေးစနစ် ပြီးပြည့်စုံကောင်းမွန်စေရေးဆိုင်ရာ လမ်းညွှန်အကြံပေး ချက်များ”၊ “တစ်ကမ္ဘာလုံး ယှဉ်ပြိုင်နိုင်စွမ်းရှိသော သိပ္ပံနည်းပညာ ဆန်းသစ်တီထွင်ရေး တံခါးဖွင့်မှု ပတ်ဝန်းကျင် တည်ဆောက်ရေးဆိုင်ရာ အကြံပေးချက်များ”စသည့် စာရွက်စာတမ်းများကို စိစစ် အတည်ပြုခဲ့ပါသည်။
    အစည်းအဝေးတွင် ရှီကျင့်ဖိန် က တရုတ်ထူးခြားချက်လက္ခဏာပါရှိသော ခေတ်မီ လုပ်ငန်းကုမ္ပဏီများစနစ် ပြီးပြည့်စုံကောင်းမွန်စေရန်အတွက် တရုတ်ထူးခြားချက် လက္ခဏာပါရှိသော ဆိုရှယ်လစ်ဝါဒ စနစ်၏ အားသာချက်များကို အပြည့်အဝအသုံးချပြီး တရုတ်ကွန်မြူနစ်ပါတီ၏ ဦးဆောင်မှုကို မြှင့်တင်ရမည် ဖြစ်ကြောင်း၊ လုပ်ငန်းကုမ္ပဏီများ စီမံအုပ်ချုပ်ရေးကို ပြီးပြည့်စုံကောင်းမွန်စေပြီး လုပ်ငန်းကုမ္ပဏီများအား ခေတ်မီလုပ်ငန်း ကုမ္ပဏီစနစ်ကို ထားရှိပြီး ပြည့်စုံကောင်းမွန်စေရန် တွန်းအားပေး၍ ပိုမိုများပြားသော ကမ္ဘာ့အဆင့်မီလုပ်ငန်းကုမ္ပဏီများအား ပြုစုပျိုးထောင်ရမည် ဖြစ်ကြောင်း၊ ကောက်ပဲသီးနှံ အထွက်နှုန်း တည်ငြိမ်စေပြီး စားနပ်ရိက္ခာဖူလုံမှုကို ကာကွယ်ထိန်းသိမ်းကာ တောင်သူ လယ်သမားများ၏ ကောက်ပဲသီးနှံ စိုက်ပျိုးရန်နှင့် ဒေသန္တရမှ ကောက်ပဲသီးနှံ စိုက်ပျိုးရေး  ဖော်ဆောင်ရန်  စိတ်အားထက်သန်မှုများကို မြှင့်တင်ရမည် ဖြစ်ကြောင်း၊ ကောက်ပဲသီးနှံ စိုက်ပျိုးသော တောင်သူလယ်သမားများ၏ ဝင်ငွေအာမခံစနစ်နှင့် ကောက်ပဲသီးနှံ အဓိက ထွက်ရှိရာဒေသများ အကျိုးခံစားခွင့်  ဖြည့်ပေးရေးစနစ် ပြီးပြည့်စုံကောင်းမွန်စေပြီး မူဝါဒ၏ တိကျမှုနှင့် ထိရောက်မှုများကို မြှင့်တင်ကာ စားနပ်ရိက္ခာဖူလုံမှု၏အခြေခံအုတ်မြစ်ကို ပိုမိုခိုင်မာလာစေရမည် ဖြစ်ကြောင်း၊ တံခါးဖွင့်ရေးဖြင့် ဆန်းသစ်တီထွင်ရေးကို မြှင့်တင်ပြီး သိပ္ပံနည်းပညာ တံခါးဖွင့်ရေးစနစ်ကို ပြီးပြည့်စုံကောင်းမွန်စေကာ တစ်ကမ္ဘာလုံးကို မျက်နှာမူသော ဆန်းသစ်တီထွင်ရေးစနစ်သစ်ကို ပြီးပြည့်စုံကောင်းမွန်လာစေရမည် ဖြစ်ကြောင်း၊ တစ်ကမ္ဘာလုံးဆန်းသစ်တီထွင်ရေးကွန်ရက်သစ်တွင် ပါဝင်ပြီး အရေးကြီးသော နယ်ပယ်များနှင့် သော့ချက်ကျသော ကွင်းဆက်များကို အဓိကထားကာ တံခါးဖွင့်ရေးနှင့် ဆန်းသစ်တီထွင်ရေးစနစ်၏ အားနည်းချက်များကို ဖြည့်စွက်ရမည် ဖြစ်ကြောင်း အလေးထား ပြောကြား ခဲ့ပါသည်။