၂၀၂၄ခုနှစ် မေလတွင် Producer Price Index(PPI) ဂဏန်းသည် ယမန်နှစ်အလားတူ အချိန်ပိုင်းကထက် ကျဆင်းမှုသိသိသာသာလျော့နည်းသွားပြီး ပြီးခဲ့သည့်လကထက် တိုးများလာ

(GMT+08:00)2024-06-12 12:42:27  

၂၀၂၄ခုနှစ် မေလတွင် တရုတ်နိုင်ငံ၏ Producer Price Index(PPI) ဂဏန်းသည် ယမန်နှစ်အလားတူအချိန်ပိုင်းကထက် ၁.၄ ရာခိုင်နှုန်း ကျဆင်းပြီး ပြီးခဲ့သည့်လကထက် ၀.၂ ရာခိုင်နှုန်းတိုးများလာကြောင်း၊ Purchasing Price Indices of Raw Material (PPIRM) ဂဏန်းသည် ယမန်နှစ်အလားတူအချိန်ပိုင်းကထက် ၁.၇ ရာခိုင်နှုန်း ကျဆင်းပြီး ပြီးခဲ့သည့်လ  ကထက် ၀.၃ ရာခိုင်နှုန်း တိုးများလာကြောင်း၊ ပျမ်းမျှအားဖြင့် ဇန်နဝါရီလမှ မေလအထိ PPIဂဏန်းသည် ယမန်နှစ်အလားတူအချိန်ပိုင်းကထက် ၂.၄ ရာခိုင်နှုန်း ကျဆင်းပြီး PPIRM ဂဏန်းသည် ၃.၀ ရာခိုင်နှုန်း ကျဆင်းသွားကြောင်း တရုတ်နိုင်ငံတော်စာရင်းအင်း ဌာန၏ ဝက်ဘဆိုက်မှ သတင်းအရ သိရပါသည်။