အခြေအနေသစ်နှင့် လုပ်ငန်းသစ်များသည် အားလပ်ရက် စားသုံးမှုတွင် တက်ကြွမှု အသစ် ဖြစ်ပေါ်စေ

(GMT+08:00)2024-06-12 12:02:26  

ယခုနှစ် ကောက်ညှင်း ထုပ် ပွဲတော်အတွင်း အခြေအနေသစ်နှင့် လုပ်ငန်းသစ်များ အဆက် မပြတ် ပေါ်ထွက်လာသဖြင့် စားသုံးမှုစျေးကွက်တွင် တက်ကြွမှုနှင့် ဆန်းသစ် တီထွင်မှု များကို ပြသကာ “ရုံးပိတ်ရက် စီးပွားရေး” ၏ ရှင်သန်မှုသစ်ကို ဖြစ်ပေါ် စေသည်။

ကောက်ညှင်း ထုပ် ပွဲတော်အတွင်းတွင် စီးပွားရေး ဇုန်များ၌ စားသုံးမှုသည် ရှင်သန်မှုသစ်များ ဖြစ်ပေါ်စေပြီး ကုန်သွယ်ရေးဝန်ကြီးဌာနမှ ဒေတာအရ ရုံးပိတ်ရက်တွင် တရုတ်ပြည် တစ်ပြည်လုံးမှ အဓိက လက်လီရောင်းချမှု နှင့် စားသောက်မှု ကုမ္ပဏီများ၏ ရောင်းချမှု ပမာဏမှာ ယမန်နှစ် အလား တူ အချိန်ပိုင်းကထက် ၉.၈ ရာခိုင်နှုန်း တိုးများလာကြောင်း၊ တစ်ပြည်လုံးမှ စံပြ ခြေလျင်လျှောက်လမ်းများ၌ ခရီးသွားဦးရေနှင့် ဈေး ရောင်းချမှုပမာဏမှာ ယမန်နှစ် အလားတူ အချိန်ပိုင်းကထက် ၁၁.၇ ရာခိုင်နှုန်းနှင့် ၉.၂ ရာခိုင် နှုန်း တိုးများလာကြောင်း၊ အိမ်သုံး စက်ပစ္စည်းများ၊ ပရိဘောဂနှင့် ဆက်သွယ်ရေး ကိရိယာများ ရောင်း ချမှု မှာ ယမန်နှစ် အလားတူ အချိန်ပိုင်းကထက် ၁၁.၇ ရာခိုင်နှုန်း၊ ၁၇.၇ ရာခိုင်နှုန်း နှင့် ၃၅.၅ ရာခိုင်နှုန်း တိုးများလာကြောင်း၊ ကုန်ပစ္စည်း အွန်လိုင်း လက်လီရောင်းချမှု ပမာဏမှာ ယမန်နှစ် အလားတူ အချိန်ပိုင်းကထက် ၃၀ ရာခိုင်နှုန်းကျော် တိုးများလာကြောင်း သတင်း အရ သိရပါသည်။