၂၀၂၄ခုနှစ် ကောက်ညှင်းထုပ်ပွဲတော်ရုံးပိတ်ရက်များတွင် တရုတ်ပြည်တွင်းခရီးသည်ဦးရေမှာ သန်း၁၁၀ရှိ

(GMT+08:00)2024-06-11 14:01:04  

၂၀၂၄ခုနှစ် ကောက်ညှင်းထုပ်ပွဲတော်ရုံးပိတ်ရက်များတွင် တရုတ်တစ်ပြည်လုံးယဉ်ကျေးမှုနှင့် ခရီးသွားလုပ်ငန်း‌ ဈေးကွက်သည် ယေဘုယျ  အားဖြင့်တည်ငြိမ်စွာလည်ပတ်ကြောင်း၊ ယဉ်ကျေးမှုနှင့် ခရီးသွားလာရေးဝန်ကြီးဌာန အချက်အလက်စင်တာ၏ တွက်ချက်မှုအရ တရုတ်ပြည်တွင်းခရီးသည်ဦးရေမှာ သန်း၁၁၀ရှိပြီး ယမန်နှစ်အလားတူအချိန်ပိုင်းကထက် ၆.၃ရာခိုင်နှုန်းတိုးလာကြောင်း၊ ပြည်တွင်းခရီးသည်များ၏ ခရီးသွား အသုံးစရိတ် စုစပေါင်း ပမာဏမှာ တရုတ်ယွမ်သန်း၄၀၃၅၀ရှိပြီး ယမန်နှစ်အလားတူအချိန်ပိုင်းကထက်၈.၁ရာခိုင်နှုန်းတိုးလာကြောင်း ဖော်ပြခဲ့သည်ဟု သတင်းအရ သိရပါသည်။