“တရုတ် နိုင်ငံတော် စွမ်းအင် လုံခြုံရေး ဆိုင်ရာ ရှီကျင့်ဖိန်၏ ထုတ်ဖော်ပြောဆိုချက်များမှ ကောက်နှုတ်ချက်”ကို စာအုပ် ထုတ်ဝေ

(GMT+08:00)2024-06-11 14:26:05  

တရုတ်ကွန်မြူနစ်ပါတီဗဟိုကော်မတီ၏ ပါတီသမိုင်း နှင့် စာပေသုတေသနဌာနမှ ပြုစုတည်းဖြတ်သည့် “တရုတ် နိုင်ငံတော် စွမ်းအင် လုံခြုံရေး ဆိုင်ရာ ရှီကျင့်ဖိန်၏ ထုတ်ဖော်ပြောဆိုချက်များမှ ကောက်နှုတ်ချက်”ကို မကြာခင်က တစ်ပြည်လုံးသို့ ထုတ်ဝေခဲ့ ပါသည်။

တရုတ် နိုင်ငံတော် စွမ်းအင် လုံခြုံရေးနှင့် ပတ်သက်၍ ရှီကျင့်ဖိန်၏ အရေးကြီး ထုတ်ဖော်ပြောဆိုချက်များသည် ရည်မှန်းချက် မြင့်မြတ်ပြီး အနှစ်သာရ ကြွယ်ဝနက်ရှိုင်းကာ ခေတ်ကာလသစ်နှင့် ခရီးစဉ်သစ်တွင် စွမ်းအင်သစ် ဖွံ့ဖြိုးတိုးတက်စေရေးနှင့် နိုင်ငံတော် စွမ်းအင် လုံခြုံရေးကို ထည့်သွင်းစဉ်းစားပြီး ဘက်ပေါင်းစုံကနေ စီမံခန့်ခွဲရေး၊ စွမ်းအင် တော်လှန်ရေးကို နက်ရှိုင်းစွာ တွန်းအားပေးရေး၊ စွမ်းအင် ဆိုင်ရာ အင်အား တောင့်တင်းသော နိုင်ငံ အရှိန်မြှင့် တည်ဆောက်ရေးနှင့် တရုတ် အသွင်ပုံစံ ခေတ်မီရေး တည်ဆောက်မှုကို လုံခြုံစိတ်ချရသော စွမ်းအင် ဆိုင်ရာ အာမခံချက်ပေးရေး အတွက် အလွန် အရေးကြီးကြောင်း သိရပါသည်။