ယဉ်ကျေးမှုဆွေးနွေးခြင်းနိုင်ငံတကာနေ့ ထားရှိခြင်းသည် ယဉ်ကျေးမှုမျိုးစုံရှိရေး လေးစား ရန်အတွက် အကျိုးရှိသည်ဟု ကုလသမဂ္ဂဒုတိယအတွင်းရေးမှူးချုပ် ဆို

(GMT+08:00)2024-06-11 13:59:31  

ဇွန်လ ၁၀ ရက်နေ့သည် ပထမဆုံး ယဉ်ကျေးမှု ဆွေးနွေးခြင်း နိုင်ငံတကာနေ့ ဖြစ် ပါသည်။ ကုလသမဂ္ဂ ဒုတိယအတွင်းရေးမှူးချုပ်၊ United Nations Alliance of Civilizations အဆင့်မြင့်ကိုယ်စားလှယ် Miguel Angel Moratinos သည် ဇွန်လ ၉ ရက်နေ့က ကြေညာချက် ထုတ်ပြန်ခဲ့ရာ ၇၈ ကြိမ်မြောက် ကုလသမဂ္ဂ အထွေထွေ ညီလာခံတွင် တရုတ်နိုင်ငံမှ တင်ပြခဲ့သော ယဉ်ကျေးမှုဆွေးနွေးခြင်းနိုင်ငံတကာနေ့ ထားရှိရန် အဆိုပြုချက်ကို မကြာသေးမီက အတည်ပြုခဲ့ခြင်းအပေါ် ကြိုဆိုကြောင်း၊ နိုင်ငံတကာ အသိုင်းအဝိုင်းအား ယဉ်ကျေးမှုမျိုးစုံရှိရေးနှင့် ကွဲပြားခြားနားမှုများကို လေးစားရန် ပန်ကြားကြောင်း ဖော်ပြထားပါသည်။ Miguel Angel Moratinos သည် တရုတ်နိုင်ငံနှင့် ယဉ်ကျေးမှုဆွေးနွေးခြင်းနိုင်ငံတကာနေ့ ထားရှိရန် ထောက်ခံကြသော အခြားနိုင်ငံများအား Civilization ၊ ယဉ်ကျေးမှုနှင့် ဘာသာရေးအကြား နားလည်မှုနှင့် လေးစားမှုတို့ကို မြှင့်တင်ရန် United Nations Alliance of Civilizations က အရေးကြီးသော အခန်းကဏ္ဍမှ  ပါဝင်ခြင်းအပေါ် အသိအမှတ်ပြုခြင်းကို ကျေးဇူးတင်ရှိပါကြောင်း ဖော်ပြထားပါသည်။