ဇန်နဝါရီလမှ မေလအထိ တရုတ်နိုင်ငံ ရထားလမ်းသည် ပုံသေအပိုင်ပစ္စည်းများအတွက် တရုတ်ငွေယွမ် ၂၂၈.၄၇ ဘီလီယံကို ရင်းနှီးမြှုပ်နှံပြီး ယမန်နှစ်အလားတူအချိန်ပိုင်းကထက် ၁၀.၈ ရာခိုင်နှုန်း တိုးများလာ

(GMT+08:00)2024-06-11 14:00:41  

    “တရုတ်နိုင်ငံ ရထားလမ်း” wechatလူမှုကွန်ရက် အကောင့်မှ သတင်းအရ ယခုနှစ် ဇန်နဝါရီလမှ မေလအထိ တရုတ်နိုင်ငံ ရထားလမ်းသည် ပုံသေအပိုင်ပစ္စည်းများအတွက် တရုတ်ငွေယွမ် ၂၂၈.၄၇ ဘီလီယံကို ရင်းနှီးမြှုပ်နှံပြီး ယမန်နှစ်အလားတူအချိန်ပိုင်းကထက် ၁၀.၈ ရာခိုင်နှုန်း တိုးများလာကာ ခေတ်မီရထားလမ်း အခြေခံအဆောက်အအုံစနစ်ကို ပိုမိုလျင်မြန်စွာ ထူထောင်လာနေကြောင်း၊ နောက်အဆင့်ကာလတွင် China Railwayအုပ်စုသည် ဝန်ဆောင်မှုနယ်ပယ် ဖွံ့ဖြိုးတိုးတက်ရေး ဆိုင်ရာ အရေးကြီး မဟာဗျူဟာကို အာရုံစိုက်ပြီး ရထားလမ်းစီမံတည်ဆောက်ရေးကို အရည်အသွေးမြင့်စွာ တွန်းအားပေးကာ ရထားလမ်း အခြေခံအဆောက်အအုံများ အပြန်အလှန်ချိတ်ဆက်မှု အဆင့်အတန်းကို ဆက်တိုက် တိုးမြှင့်၍ ရထားလမ်းကွန်ရက် တစ်ခုလုံး၏ အကျိုးဖြစ်ထွန်းမှုနှင့်အကျိုးစွမ်းဆောင်မှုကို အားဖြည့်မည်ဖြစ်ကြောင်း သတင်းရရှိပါသည်။