ဥရောပသမဂ္ဂသည် ယခုနှစ်တွင် အာဖဂန်နစ္စတန်အတွက် လူသားချင်းစာနာထောက်ထားမှု အကူအညီများကို ယူရိုငွေ သန်း ၁၅၀ နီးပါးအထိ တိုးမြှင့်မည်

(GMT+08:00)2024-06-11 14:01:34  

ဒေသစံတော်ချိန် ဇွန်လ ၁၀ ရက်နေ့က ဥရောပ သမဂ္ဂ ကော်မရှင်မှ သတင်းထုတ်ပြန် ခဲ့ရာ အာဖဂန်နစ္စတန်တွင် လူသားချင်းစာနာထောက်ထားမှု အခြေအနေ အဆက်မပြတ် ဆိုးရွားလာခြင်းကြောင့် ဥရောပသမဂ္ဂသည် အာဖဂန်တွင် အငတ်ဘေးအန္တရာယ်များ ရှောင်ရှားရန် အရေးပေါ်ထောက်ပံ့မှုရန်ပုံငွေကို စတင်အသုံးပြုပြီဖြစ်ပြီး၊ ၎င်းသည် ၂၀၂၄ ခုနှစ်တွင် အာဖဂန်နိုင်ငံအား ဥရောပသမဂ္ဂမှ လူသားချင်းစာနာထောက်ထားမှုအကူအညီ စုစုပေါင်း ပမာဏ ယူရိုငွေ သန်း ၁၅၀ နီးပါးအထိ တိုးမြှင့်မည်ဖြစ်ကြောင်း ဖော်ပြခဲ့ပါသည်။

ထောက်ပံ့ကူညီမှုကို စားနပ်ရိက္ခာ၊ နေအိမ်၊ ဆေးဝါးကုသမှု၊ ရေနှင့် တစ်ကိုယ်ရေသုံးပစ္စည်းများအတွက် အဓိကထားသုံးစွဲသွားမည်ဟု သိရပါသည်။