တရုတ်နိုင်ငံ လူပါအာကာသလုပ်ငန်း စတုတ္ထအသုတ် အရန်အာကာသ သမားများ ရွေးချယ်မှုလုပ်ငန်းကို ချောမောစွာပြီးမြောက်

(GMT+08:00)2024-06-11 14:00:18  

တရုတ်နိုင်ငံ လူပါအာကာသ လုပ်ငန်းရုံးဌာန ၏ လူမှုကွန်ရက် အကောင့်မှသတင်းအရ တရုတ်နိုင်ငံ လူပါအာကာသ လုပ်ငန်း စတုတ္တအသုတ် အရန်အာကာသသမားများ ရွေးချယ်မှုလုပ်ငန်းကို မကြာခင်က ပြီးမြောက်ခဲ့ကြောင်း၊ အာကာသယာဉ်မောင်းနှင်သူ ၈ဦး နှင့် ဝန်တင်နိုင်စွမ်းဆိုင်ရာပညာရှင် ၂ဦး (ဟောင်ကောင် ဝန်တင်နိုင်စွမ်းဆိုင်ရာပညာရှင် ၁ဦး နှင့် မကာအို ဝန်တင်နိုင်စွမ်းဆိုင်ရာ ပညာရှင် ၁ဦး)အပါအဝင် စုစုပေါင်း အရန်အာကာသ သမား ၁၀ဦးကို ရွေးချယ်ခဲ့ကြောင်း၊ ၎င်းတို့သည် ဘက်စုံစနစ်ကျသောလေ့ကျင့်မှုများ ခံယူရန်အတွက် တရုတ်အာကာသသမား သိပ္ပံသုတေသန လေ့ကျင့်ရေးစင်တာသို့ ဝင်ရောက်မည်ဖြစ်ကြောင်း သိရပါသည်။