တရုတ်ကာကွယ်ရေးဝန်ကြီးဌာနမှ ပြောရေးဆိုခွင့်ရှိသူ ကျန်ရှောင်ကန် သည် သတင်းထောက်၏ မေးမြန်းချက်ကို ဖြေကြား

(GMT+08:00)2024-06-11 14:49:14  

တရုတ်ကာကွယ်ရေးဝန်ကြီးဌာနမှ ပြောရေးဆိုခွင့်ရှိသူ ကျန်ရှောင်ကန် သည် သတင်းထောက်၏ မေးမြန်းချက်ကို ဖြေကြားရာတွင် ဇွန်လ ၇ ရက်နေ့က နယ်သာလန် ရေတပ်မှ ကာကွယ်ရေးစစ်သင်္ဘော Tromp တင် ရဟတ်ယာဉ်သည် ရှန်ဟိုင်းမြို့ အရှေ့ဘက်သို့ ကျူးကျော်ဝင်ရောက်ပြီး ရန်စခဲ့ရာ တရုတ်ပြည်သူ့လွတ်မြောက်ရေး တပ်မတော် အရှေ့ပိုင်းစစ်နယ်မြေမှ အသံသတိပေးချက်များ၊ တိုက်လေယာဉ် ပျံသန်း ခြင်းစသည့်နည်းလမ်းများဖြင့် နှင်ထုတ်ခဲ့ကြောင်း၊ လုပ်ငန်းစဉ်တစ်ခုလုံး သည် လုံးဝတရားမျှတပြီး ပရော်ဖက်ရှင်နယ်ဖြစ်ကာ အန္တရာယ်များကို ဖန်တီးသူသည် တရုတ်နိုင်ငံမဟုတ်ဘဲ နယ်သာလန်နိုင်ငံပင် ဖြစ်ကြောင်း၊ နယ်သာလန်နိုင်ငံသည် ကုလသမဂ္ဂ၏ တာဝန်ကို ထမ်းဆောင်နေသည်ဟု လိမ်ညာပြောဆိုပြီး အခြားနိုင်ငံ၏ ရေကြောင်းပိုင်နက်နှင့် လေကြောင်းပိုင်နက်တွင် အင်အား ပြသကာ အခြေအနေ တင်းမာမှုကို ဖန်တီးခြင်းမှာ နှစ်နိုင်ငံအကြား ချစ်ကြည်ရင်းနှီးသော ဆက်ဆံရေးကို ထိခိုက်စေကြောင်း၊ နယ်သာလန် နိုင်ငံ၏ သက်ဆိုင်ရာ ပြောဆိုချက်နှင့်အပြုအမူများမှာ အရမ်းဆိုးယုတ်ပြီး မိမိတို့အနေဖြင့် ပြင်းထန်စွာ မကျေမနပ်ဖြစ်မိကာ နယ်သာလန်နိုင်ငံအား တည်ကြည်လေးနက်စွာ အရေးဆိုခဲ့ကြောင်း၊ မိမိတို့အနေဖြင့် နယ်သာလန်နိုင်ငံအား ၄င်း၏ ရေကြောင်းနှင့်လေကြောင်းစစ်အင်အား လှုပ်ရှားမှုများကို တင်းကျပ်စွာ ထိန်းချုပ်ရန် လိုအပ်ပြီး တရုတ်နိုင်ငံသည် ကျူးကျော်ထိပါးမှု မှန်သမျှကို ပြတ်ပြတ်သားသား တုံ့ပြန်ဆောင်ရွက်လိမ့်မည် ဖြစ်သည်ဟု သတိပေးပြောကြားလို ကြောင်း၊ တရုတ်တပ်ဖွဲ့သည် နိုင်ငံတော်၏ အချုပ်အခြာအာဏာလုံခြုံမှုနှင့် ပင်လယ်ရေးရာ အခွင့်အရေးများကို ပြတ်ပြတ်သားသားကာကွယ်ထိန်းသိမ်းရန် အမြဲတမ်းအသင့်ရှိနေ ကြောင်း ပြောကြားခဲ့ပါသည်။