ဥရောပ ကားစျေးကွက်ကို နိုင်ငံခြားပြိုင်ဆိုင်မှုမှ သီးခြားခွဲထုတ်ရန် ဆန့်ကျင်ဟု ဂျာမနီ ဝန်ကြီးချုပ်ဆို

(GMT+08:00)2024-06-10 11:15:46  

ဇွန်လ ၈ ရက်နေ့က ဂျာမနီ ဝန်ကြီးချုပ် Scholz က ပြည်ပနိုင်ငံများနှင့် ပြိုင်ဆိုင်မှုကြောင့် ဥရောပမော်တော်ယာဥ်ဈေးကွက်ပိတ်သိမ်းခြင်းကို ကန့်ကွက်ကြောင်း ပြောကြားခဲ့သည်။

Scholz က ဂျာမနီနိုင်ငံ Rüsselsheim မြို့တွင် ကျင်းပသည့် Opel ကုမ္ပဏီ တည်ထောင်ခဲ့သည့် ၁၂၅ နှစ်မြောက်နှစ် ဂုဏ်ပြု အခမ်းအနားသို့ တက်ရောက်ခဲ့ပြီး အမှာစကား ပြောကြားခဲ့ရာ မိမိတို့သည် နိုင်ငံခြားကုမ္ပဏီများအား မိမိ၏စျေးကွက်ကို ပိတ်မည်မဟုတ်ကြောင်း၊ အကြောင်းရင်းမှာ မိမိတို့၏ ကုမ္ပဏီများကို နိုင်ငံခြားဈေးကွက်တွင် အလားတူ အဖြစ်အပျက်များ မရှိစေချင်သော‌ကြောင့် ဖြစ်ကြောင်း ပြောကြားခဲ့သည်ဟု Frankfurter Allgemeine Zeitung သတင်းစာမှ သတင်းအရ သိရပါသည်။