အမျိုးသား လွှတ်တော်ကို ဖျက်သိမ်းပြီး လွှတ်တော် ရွေးကောက်ပွဲအသစ်ကို ကျင်းပမည်ဟု ပြင်သစ်သမ္မတ ကြေညာ

(GMT+08:00)2024-06-10 11:14:41  

ဇွန်လ ၉ ရက်နေ့က ပြီးဆုံးခဲ့သည့် ဥရောပ လွှတ်တော် ရွေးကောက်ပွဲတွင် ပြင်သစ် အာဏာရပါတီ၏ ထောက်ခံမှုနှုန်းသည် လက်ယာ အစွန်းရောက် ပါတီ၏ ထောက်ခံမှုနှုန်းထက် များစွာ နည်းပါးခြင်းကြောင့် ပြင်သစ်သမ္မတ Macron က အမျိုးသား လွှတ်တော်ကို ဖျက်သိမ်းပြီး လွှတ်တော် ရွေးကောက်ပွဲအသစ်ကို ကျင်းပမည်ဖြစ်ကြောင်း ကြေညာခဲ့သည်။

ဥရောပ လွှတ်တော် ရွေးကောက်ပွဲကို ၅ နှစ်တစ်ကြိမ် ဇွန်လ ၆ ရက်နေ့မှ ၉ ရက်နေ့အထိ ကျင်းပခဲ့ပြီး ၉ ရက်နေ့က ပြင်သစ်အပါအဝင် ဥရောပ သမဂ္ဂ အဖွဲ့ဝင်နိုင်ငံ အများစုတွင် မဲပေးခြင်း ပြုလုပ်ကာ ပြင်သစ်နိုင်ငံမှ မဲဆန္ဒရှင်များသည် ပြင်သစ်နိုင်ငံကို ကိုယ်စားပြုမည့် ဥရောပ လွှတ်တော် အမတ် ၈၁ ဦးကို မဲပေးရွေးချယ်ခြင်းဖြစ်သည်။

ထိုနေ့ညတွင် Macron က ရုပ်မြင်သံကြားမှတစ်ဆင့် ဥရောပ လွှတ်တော် ရွေးကောက်ပွဲ ရလဒ်သည် “ဥရောပကို ကာကွယ်သော နိုင်ငံရေး ပါတီများအတွက် ရလဒ်ကောင်း မဟုတ်” ကြောင်း ပြောကြားခဲ့သည်။ ဖွဲ့စည်းပုံအခြေခံဥပဒေမှ နိုင်ငံတော်သမ္မတအား ပေးအပ်သော အာဏာများအရ  Macron သည် အမျိုးသား လွှတ်တော်၏ အနာဂတ်ကို မဲဆန္ဒရှင်များမှ မဲပေးခြင်းဖြင့် ဆုံးဖြတ်သည့်အတွက် အမျိုးသားလွှတ်တော်ကို ဖျက်သိမ်းပြီး ဇွန်လ ၃၀ ရက်နေ့ နှင့် ဇူလိုင်လ ၇ ရက်နေ့တွင် အမျိုးသား လွှတ်တော် ရွေးကောက်ပွဲ၏ ဆန္ဒမဲပေးခြင်းကို ၂ ကြိမ် ကျင်းပရန် ဆုံးဖြတ်ခဲ့သည်။