မလေးရှားနိုင်ငံမာလက္ကာတွင် တိုင်းရင်းသားများက ကောက်ညှင်းထုပ်ပွဲတော်တွင် နဂါးလှေပြိုင်ပွဲကျင်းပ

(GMT+08:00)2024-06-10 12:58:22  

ဒေသစံတော်ချိန် ၂၀၂၄ခုနှစ် ဇွန်လ ၉ရက်နေ့က မလေးရှားနိုင်ငံမာလက္ကာတွင် နှစ်စဉ်နဂါးလှေပြိုင်ပွဲကို ကျင်းပခဲ့သည်။ ယင်းပြိုင်ပွဲသည် သမိုင်းကြောင်းနှစ်ပေါင်း၄၀ကျော်ရှိပြီး ဒေသခံတိုင်းရင်းသားအမျိုးမျိုးကို ဆွဲဆောင်နေပါသည်။ တိုင်းရင်းသားများဖြင့် ဖွဲ့စည်းသော နဂါးလှေအဖွဲ့သည် စည်းလုံးညီညွတ်စွာယှဉ်ပြိုင်ကြသည်။