ကမ္ဘာ့ဒေသအရပ်ရပ်၏ ကောက်ညှင်းထုပ်ပွဲတော်ဆိုင်ရာဓလေ့ထုံးစံများ

(GMT+08:00)2024-06-10 13:02:34  

တောင်ကိုရီးယားပြည်သူများသည် လင်းနေရေဖြင့် ခေါင်းလျှော်လေ့ရှိပါသည်။ “Gangneung ကောက်ညှင်းထုပ်ပွဲတော်”အချိန်ကာလတွင် နပန်းလုံးခြင်း၊ တန်းလွှဲကစားခြင်း၊ လွန်ဆွဲခြင်းနှင့် လေးပစ်ခြင်း စသောပြိုင်ပွဲများ၊ မျက်နှာဖုံးအက၊ မီးရှူးမီးပန်းshow၊ ကောက်ညှင်းထုပ်ပွဲမီးပုံးထွန်းခြင်း စသောလှုပ်ရှားမှုများကိုလည်း ကျင်းပလေ့ရှိပါသည်။

ဂျပန်နိုင်ငံ၌ ကောက်ညှင်းထုပ်ပွဲတော်ကို “ယောက်ျားလေးများနေ့”အဖြစ်သို့ ပြောင်းလဲလာပါသည်။ အိမ်ရှေ့တွင် CARP အလံများထောင်ကာ သားဖြစ်သူ လူရည်ချွန်ဖြစ်လာရန် မျှော်လင့်ထားသည့် အဓိပ္ပါယ်ဖြင့် ပြုလုပ်ကြပါသည်။

စင်္ကာပူ၊ မလေးရှားနိုင်ငံများ၌ Nyonyaကောက်ညှင်းထုပ်များ စားရတာကြိုက်နှစ်သက်ကြပါသည်။ ဗီယက်နမ်နိုင်ငံ၌ ကောက်ညှင်းထုပ်များကို ငှက်ပျောရွက်များဖြင့် ထုပ်ပြီး အဝိုင်း နှင့် စတုရန်းပုံနှစ်မျိုးရှိပါသည်။