ဒုက္ခသည်စခန်းများ တိုက်ခိုက်မှုခံရပြီး အရပ်သားမြောက်များစွာ သေကျေအနာတရ ဖြစ်စေသောကြောင့် ဂါဇာကမ်းမြောင်ဒေသရှိ ဆေးရုံများ ပြိုကွဲလုနီးဖြစ်

(GMT+08:00)2024-06-10 12:57:08  

ဂါဇာကမ်းမြောင်ဒေသရှိ Nusayrat ဒုက္ခသည်စခန်းအပေါ် အစ္စရေးစစ်တပ်မှ တိုက်ခိုက်မှုကြောင့် အရပ်သား တစ်ထောင်နီးပါးသေကျေအနာတရဖြစ်စေပြီး ဂါဇာ ကမ်းမြောင်ဒေသရှိ ဆေးဘက်ဆိုင်ရာစနစ်အား မကြုံစဖူးသော ဆုံးရှုံးမှု ဖြစ်စေခဲ့ပါသည်။

Deir el-Balah ရှိ Al-Aqsa အာဇာနည်ဆေးရုံသည် ဂါဇာကမ်းမြောင်အလယ်ပိုင်း၌ လည်ပတ်လျက်ရှိသည့် တစ်ခုတည်းသော အကြီးစားဆေးရုံဖြစ်ပါသည်။ ယခုလ ၈ ရက်နေ့ က တိုက်ခိုက်မှုဖြစ်ပွားခဲ့သည့် ၂ ရက်အတွင်းတွင် ဒဏ်ရာရသူများကို ယင်းဆေးရုံသို့ အဆက်မပြတ် ပို့ဆောင်ခဲ့သည်ဟု သတင်းအရသိရပါသည်။