“အဆင့်မြင့်တွေ့ဆုံမေးမြန်းမှု” အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီ ဥက္ကဋ္ဌ Mirjana Spoljaric နှင့်သီးသန့်တွေ့ဆုံမေးမြန်းမှု

(GMT+08:00)2024-06-09 22:06:32  

မကြာသေးမီက အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီ ဥက္ကဋ္ဌ Mirjana Spoljaric သည် ဆွစ်ဇာလန်နိုင်ငံ ဂျီနီဗာမြို့၌ China Media Group ၏သီးသန့်တွေ့ဆုံမေးမြန်းမှုကို ဖြေကြားခဲ့သည်။ Mirjana Spoljaric သည် ယမန်နှစ် ဒီဇင်ဘာလတွင် ဂါဇာဒေသသို့ သွားရောက်ပြီးနောက် “အရာအားလုံးပြိုလဲနေသည်” ဟူသောစကားဖြင့် အဆိုပါဒေသ အခြေအနေကို ပုံဖော်ပြောကြားခဲ့သည်။ Mirjana Spoljaric က လူသားချင်းစာနာထောက်ထားမှု ကူညီကယ်ဆယ်မှုသည် ပဋိပက္ခများဆိုးရွားလာမှုကို ယာယီရပ်တန့်စေသည့်ခလုတ်ဖြစ်နိုင်ကြောင်း၊ သို့သော်လည်း ငြိမ်းချမ်းရေး၊ ဖွံ့ဖြိုးတိုးတက်မှု၊ ပြည်သူများလူနေမှုဘဝ လမ်းကြောင်းမှန်ပေါ်သို့ပြန်လည်ရောက်ရှိစေရေး တို့ကသာလျှင် လူသားချင်းစာနာထောက်ထားမှုလုပ်ငန်း၏ နောက်ဆုံးရည်မှန်းချက်ပန်းတိုင်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

ယမန်နှစ်စက်တင်ဘာလ တရုတ်နိုင်ငံခရီးစဉ်အကြောင်း ပြန်လည်ပြောကြားရာတွင် Mirjana Spoljaric က သမ္မတရှီကျင့်ဖိန်သည် လူသားချင်းစာနာထောက်ထားမှု လုပ်ငန်းအပေါ် နားလည်သိရှိမှုသည် နက်ရှိုင်း၍ ဆုံးဖြတ်ချက်ခိုင်မာသောကြောင့် သူမ ချီးကျူးအံ့ဩရကြောင်း၊ တရုတ်နိုင်ငံက နိုင်ငံတကာ လူသားချင်းစာနာထောက်ထားမှုလုပ်ငန်းအပေါ် အရေးပါအကျိုးထမ်းဆောင်မှုကို လွန်စွာချီးကျူးကြောင်း၊ တရုတ်နိုင်ငံနှင့်အတူ “Belt and Road” မူဘောင်အောက်တွင် ပူးပေါင်းဆောင်ရွက်မှုမြှင့်တင်၍ ကမ္ဘာကြီးငြိမ်းချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်မှုကို အတူတကွကူညီပေးရန် မျှော်လင့်ကြောင်း ပြောကြားခဲ့သည်။