မလေးရှားနိုင်ငံ အတွက် တရုတ်ပြည်ထုတ် ETS3 Meter-Gauge EMU သည် ထုတ်လုပ်မှုလိုင်းမှ ထွက်ပေါ်

(GMT+08:00)2024-06-09 13:56:09  

မလေးရှားနိုင်ငံ အတွက် CRRC မှ တီထွင်ထုတ်လုပ်သော  ETS3 Meter-Gauge EMU အသစ်သည် ဇွန် လ ၇ ရက်နေ့ညပိုင်းက ဟူနန်ပြည်နယ် ဇူကျိုးမြို့ရှိ ထုတ်လုပ်မှုလှိုင်းမှ ထွက်ပေါ်လာခဲ့ပါသည်။ ယင်းသည် တရုတ်ကုမ္ပဏီမှ ကိုယ်ပိုင်တီထွင်ထုတ်လုပ်သည့် တတိယမျိုးဆက်  ETS Meter-Gauge EMU အသစ် ဖြစ်ပြီး ETS နှင့် ETS2 ပြီးနောက် မလေးရှားနိုင်ငံအတွက် အံဝင်ခွင်ကျဖြစ်စေမည့် EMU အသစ်ဖြစ်ပါသည်။ ယင်း EMU သည် စုစုပေါင်းအရှည် ကီလိုမီတာ ၉၅၀ ခန့်ရှိသည့် မလေးရှားနိုင်ငံ အနောက်ဘက် ပင်လယ်ကမ်းရိုးတန်းလမ်းကြောင်းတွင် အသုံးပြုမည်ဖြစ်ပါသည်။

၂၀၁၀ပြည့်နှစ်မှစ၍ CRRC ZELC သည် မလေးရှားရထားပို့ဆောင်ရေးစနစ်တွင် ၁၅ နှစ်ကြာ ဝန်ဆောင်မှုပေးခဲ့ပါသည်။ မလေးရှားနိုင်ငံ အတွက် ယခုအကြိမ် တီထွင်သော ETS3 Meter-Gauge EMU အသစ်ကို နောင်တွင် မလေးရှားနိုင်ငံရှိ အာဆီယံကုန်ထုတ်လုပ်မှု စင်တာတွင်လည်း ထုတ်လုပ်မည် ဖြစ်ပါသည်။