မြောက်ကိုရီးယားသို့ အသံချဲ့စက်ဖြင့် အသံလွှင့်ခြင်းကို ပြန်လည်ပြုလုပ်မည်ဟု တောင်ကိုရီးယား ကြေညာ

(GMT+08:00)2024-06-09 14:00:09  

ဒေသ စံတော်ချိန် ယခုလ ၉ရက်နေ့တွင် တောင်ကိုရီးယား သမ္မတရုံးက ထိုနေ့မှစ၍ မြောက်ကိုရီးယားသို့ အသံချဲ့စက်ဖြင့် အသံလွှင့်ခြင်းကို ပြန်လည်ပြုလုပ်မည်ဟု ကြေညာပါသည်။

သက်ဆိုင်ရာ အစီအစဉ်အရ “၉•၁၉ စစ်ရေး သဘောတူ စာချုပ်”၏ အကျိုးသက်ရောက်မှုကို ဦးစွာ ရပ်ဆိုင်းရန် လိုအပ်ကြောင်း၊ ယခုလ ၄ရက်နေ့က တောင်ကိုရီးယား အစိုးရမှ ကျင်းပခဲ့သော သက်ဆိုင်ရာ အစည်းအဝေးတွင် တောင်မြောက် ကိုရီးယား အကြားရှိ “၉•၁၉ စစ်ရေး သဘောတူ စာချုပ်”၏ အကျိုးသက်ရောက်မှုအားလုံး ရပ်ဆိုင်းရန် အဆိုပြုချက်ကို အတည်ပြုခဲ့ကြောင်း၊ ပြီးနောက် ၄င်းအတည်ပြုချက်ကို တောင်ကိုရီးယား သမ္မတ Yoon Suk Yeolမှ ခွင့်ပြုခဲ့ကြောင်း သိရပါသည်။

တောင်ကိုရီးယား နိုင်ငံတော် ကာကွယ်ရေး ဝန်ကြီးဌာနက တောင်ကိုရီးယား တပ်မတော်သည် 38th Parallelနှင့် အနောက်မြောက်ပိုင်း ကျွန်းများ တစ်ဝိုက်တွင် စစ်ရေး ဆောင်ရွက်မှု အားလုံးကို ပြန်လည် ပြုလုပ်မည် ဖြစ်ကြောင်း ၄ရက်နေ့က ပြောကြားခဲ့ပါသည်။