နျူကလီးယားလက်နက်ဆိုင်ရာ အမေရိကန် အပါအဝင် အနောက်နိုင်ငံများနှင့် တွေ့ဆုံဆွေးနွေးမှုကို ဖြတ်တောက်မည်မဟုတ်ကြောင်း ရုရှားဆို

(GMT+08:00)2024-06-09 13:59:02  

ရုရှားသည် နျူကလီးယားလက်နက်ဆိုင်ရာ ဆွေးနွေးရေး ပလက်ဖောင်းကို ဖြတ်တောက် ခြင်း မရှိကြောင်း၊ အခြားနျူကလီးယားလက်နက်ပိုင်အင်အားကြီးနိုင်ငံများနှင့် တွေ့ဆုံ ဆွေးနွေးရေးကို ဆက်လက် ထိန်းသိမ်းသွားရန် ဆန္ဒရှိကြောင်း၊ အမေရိကန်သည် မဟာဗျူဟာမြောက် နျူကလီးယားလက်နက်များ ပိုမိုဖြန့်ကျက်ချထားမည်ဆိုပါက ရုရှားက တုံ့ပြန်ဆောင်ရွက်မည်ဖြစ် ကြောင်း ဒေသစံတော်ချိန် ၈ ရက်နေ့က ရုရှားနိုင်ငံခြားရေး ဝန်ကြီးဌာနမှ ပြောရေးဆိုခွင့်ရှိသူ Zakharova က ပြောကြားခဲ့ပါသည်။