ယနေ့မှာ တရုတ်တစ်နိုင်ငံလုံးမီးရထားများဖြင့် ခရီးသည် ၁၂.၆ သန်းကို ပို့ဆောင်နိုင်မည်ဟု ခန့်မှန်းထား

(GMT+08:00)2024-06-09 13:55:16  

ဇွန်လ ၉ရက်နေ့တွင် တစ်နိုင်ငံလုံး မီးရထားများဖြင့် ခရီးသည် ၁၂.၆ သန်းကို ပို့ဆောင်နိုင်မည်ဟု ခန့်မှန်းထားပြီး ခရီးသည်တင်ရထားအစီး ၅၁၄စီးကို တိုးမြှင့်စီစဉ်ထားကြောင်း၊ ဇွန်လ ၈ရက်နေ့က တစ်နိုင်ငံလုံးမီးရထားများဖြင့် ခရီးသည် ၁၇.၂၄၆သန်းကို ပို့ဆောင်ခဲ့ပြီး ခရီးသည်ဦးရေအမြှင့်ဆုံးသို့ ရောက်ရှိကြောင်း၊ ၂၀၂၃ခုနှစ် ကောက်ညှင်းထုပ်ပွဲတော်ရုံးပိတ်ရက်အလားတူအချိန်ပိုင်းကထက် ၁၁.၅၉ဦးတိုးလာပြီး ၇.၂ရာခိုင်နှုန်းတိုးလာကာ မီးရထားပို့ဆောင်ရေးစနစ်တကျရှိပြီး လုံခြုံစွာ ပြေးဆွဲနေကြောင်း တရုတ်နိုင်ငံမီးရထားလုပ်ငန်းအုပ်စုမှ သတင်းအရ သိရပါသည်။