တရုတ်နိုင်ငံ၏ ကမ္ဘာ့သဘာဝအမွေအနှစ်၊ ကမ္ဘာ့ယဉ်ကျေးမှုနှင့် သဘာဝအမွေအနှစ် အရေအတွက် သည် ကမ္ဘာ့ပထမဆုံးဖြစ်

(GMT+08:00)2024-06-09 13:54:08  

ဇွန်လ ၈ရက်နေ့သည် တရုတ်နိုင်ငံ အဋ္ဌမအကြိမ်မြောက် ယဉ်ကျေးမှုနှင့် သဘာဝအမွေအနှစ်နေ့ ဖြစ်ပြီး ယခုနှစ် လှုပ်ရှားမှုခေါင်းစဉ်သည် “ကမ္ဘာ့အမွေအနှစ်များ ကို ကာကွယ်၊ လှပသောတရုတ်နိုင်ငံကို တည်ထောင်”ဖြစ်ကြောင်း၊ လက်ရှိအချိန်အထိ တရုတ်နိုင်ငံတွင် ကမ္ဘာ့အမွေအနှစ်အရေအတွက်သည် ၅၇ခုဖြစ်ပြီး ကမ္ဘာပေါ်တွင် အဆင့်ဒုတိယနေရာတွင် ရှိကြောင်း သတင်းအရ သိရပါသည်။

တရုတ်နိုင်ငံ၏ ကမ္ဘာ့သဘာဝအမွေအနှစ်များတွင် သဘာဝအမွေအနှစ်၊ ယဉ်ကျေးမှု နှင့်သဘာဝ အမွေအနှစ်နှင့် ယဉ်ကျေးမှုရှုခင်းစသော သဘာဝထူးခြားချက်များကို အခြေခံပြီး အမွေအနှစ် အမျိုးအစား အားလုံး ပါဝင်ကြောင်း၊ တစ်ကမ္ဘာလုံးရှိ ကမ္ဘာ့သဘာဝအမွေအနှစ် လုပ်ငန်းဖွံ့ဖြိုး တိုးတက်စေရေးနှင့် ယဉ်ကျေးမှု ကူးလူး ဖလှယ်ရေးနှင့် နည်းယူလေ့လာရေးကို မြှင့်တင်ရေးစသည့် ဘက်ပေါင်းစုံတွင်  အရေးကြီး သည့် အကျိုးပြုမှုကို စွမ်းဆောင်ခဲ့ကြောင်း သတင်းအရ သိရပါသည်။