တရုတ်နိုင်ငံ၏ အဏ္ဏဝါဂေဟအခြေအနေသည် ယေဘုယျအားဖြင့် တည်ငြိမ်

(GMT+08:00)2024-06-09 13:54:42  

ဇွန်လ ၈ ရက်နေ့သည် ၁၆ ကြိမ်မြောက် ကမ္ဘာ့ပင်လယ်သမုဒ္ဒရာနေ့ဖြစ်ပြီး ဆောင်ပုဒ်မှာ “အဏ္ဏဝါဂေဟစနစ်ကာကွယ်ခြင်းနှင့် လူနှင့်သဘာဝတို့ကြား သဟဇာတ ရှိစွာ ယှဉ်တွဲနေထိုင်ခြင်း” ဖြစ်ပါသည်။ တရုတ်နိုင်ငံ သဘာဝအရင်းအမြစ်ဝန်ကြီးဌာနသည် ၈ ရက်နေ့တွင် “၂၀၂၃ ခုနှစ် တရုတ်အဏ္ဏဝါဂေဟစနစ်ဆိုင်ရာ ကြိုတင်သတိပြုမှုနှင့် စောင့်ကြည့်ရေး ကြေညာစာတမ်း”ကို ထုတ်ပြန်ခဲ့ရာ ယခုနှစ်များတွင် တရုတ် အဏ္ဏဝါ ဂေဟ  အခြေအနေသည် ယေဘုယျအားဖြင့် တည်ငြိမ်နေပြီး  ဂေဟစနစ် ပျက်စီးယိုယွင်းမှု အလားအလာကို ကနဦးတွင် ထိန်းချုပ်နိုင်ပြီဖြစ်ကြောင်း ဖော်ပြထားပါသည်။