ဂါဇာအလယ်ပိုင်းရှိ ဒုက္ခသည်စခန်း အပါအဝင် ဒေသများစွာကို အစ္စရေးစစ်တပ်က တိုက်ခိုက်ခဲ့သောကြောင့် လူ ၂၁၀ သေဆုံးပြီး ၄၀၀ ကျော် ဒဏ်ရာရရှိ

(GMT+08:00)2024-06-09 13:57:25  

ပါလက်စတိုင်း ဟားမတ်စ်အဖွဲ့၏ မီဒီယာရုံးမှ ဇွန်လ ၈ရက်နေ့တွင် ကြေညာချက်တစ်ရပ်ထုတ်ပြန်ရာ ထိုနေ့တွင် အစ္စရေးစစ်တပ်သည် Nusayreit ဒုက္ခသည်စခန်း အပါအဝင် ဂါဇာဒေသ အလယ်ပိုင်းရှိ ဒေသများကို တိုက်ခိုက်ခဲ့သောကြောင့် ပါလက်စတိုင်းလူ ၂၁၀ ထက်မနည်း သေဆုံးခဲ့ပြီး လူ ၄၀၀ ကျော်က ဒဏ်ရာရရှိခဲ့ကြောင်း ဖော်ပြခဲ့ပါသည်။

ဟားမတ်စ်အဖွဲ့၏ ကြေညာချက်တစ်ရပ်တွင် ရရှိထားသော အချက်အလက်များအရ အမေရိကန်နိုင်ငံသည် ထိုနေ့က အစ္စရေး၏ တိုက်ခိုက်မှုတွင် ပါဝင်ခဲ့ကြောင်း ဖော်ပြခဲ့ပါသည်။ ဟားမတ်စ်က နိုင်ငံတကာ မိသားစုကြီးနှင့် ကုလသမဂ္ဂ တို့အား လက်တွေ့ကျသော ရပ်တည်ချက်ဖြင့် ရပ်တည်ပြီး အဆိုပါ တိုက်ခိုက်မှုများကို တားဆီးရန် နှင့် ကျူးလွန်သူများအား အရေးယူရန် ပန်ကြားခဲ့ပါသည်။