တရုတ်နိုင်ငံမှ သုတေသနထုတ်လုပ်သော ဟန်ဂေရီ-ဆားဗီးယား မြန်နှုန်းမြင့်ရထားကို ဆားဗီးယား၌ ပွဲဦး ထွက် မောင်းနှင်

(GMT+08:00)2024-06-08 14:33:04  

ဇွန်လ ၇ရက်နေ့က တရုတ်နိုင်ငံမှ သုတေသနထုတ်လုပ်သော ဟန်ဂေရီ-ဆားဗီးယား မြန်နှုန်းမြင့်ရထားကို ဆားဗီးယားနိုင်ငံ Belgradeမြို့ Zemunဘူတာ၌ ပွဲဦးထွက် မောင်းနှင် လာခဲ့သည်။ ယင်းသည် တရုတ်နိုင်ငံ၏ ရထားနည်းပညာဆိုင်ရာ စက်ကိရိယာများနှင့် ဥရောပသမဂ္ဂရထား  အပြန်အလှန် ဆက်သွယ်ရေး နည်းပညာဆိုင်ရာ သတ်မှတ်ချက်များ (TSI)အကြား ချိတ်ဆက်ရာတွင် အရေးပါသော အောင်ကျိုးရလဒ်တစ်ခုဖြစ်လာပြီး တရုတ်နိုင်ငံ၏ မြန်နှုန်းမြင့် ရထားများ ဥရောပတိုက်သို့ ပထမဆုံးအကြိမ် ဝင်ရောက်ကာ တရုတ်နိုင်ငံ၏ အဆင့်မြင့် ရထား လမ်းပန်းဆက်သွယ်ရေး စက်ကိရိယာများ  တင်ပို့ရေး တွင် အရေးကြီး ထိုးဖောက်မှုဖြစ်ကြောင်း  ဖော်ပြထားပါသည်။