ရှီကျင့်ဖိန်သည် ပါကစ္စတန်ဝန်ကြီးချုပ် ရှာဘတ်ဇ်နှင့် တွေ့ဆုံ

(GMT+08:00)2024-06-08 14:27:10  

ဇွန်လ ၇ ရက်နေ့ ညနေပိုင်းတွင် တရုတ်နိုင်ငံသမ္မတ ရှီကျင့်ဖိန်သည် တရုတ်နိုင်ငံသို့ တရားဝင် အလည်အပတ်ရောက်ရှိနေသည့် ပါကစ္စတန်ဝန်ကြီးချုပ် ရှာဘတ်စ်နှင့် ဘေကျင်းပြည်သူ့ခန်းမဆောင်ကြီး၌ တွေ့ဆုံခဲ့ပါသည်။

ရှီကျင့်ဖိန်က တရုတ်နိုင်ငံသည် အရည်အသွေးမြင့်မားသော "Belt and Road" အတူတည်ဆောက်ရေးနှင့် ပါကစ္စတန်၏ ဖွံ့ဖြိုးတိုးတက်ရေး အစီအစဉ်တို့နှင့် ချိတ်ဆက်ရန် တွန်းအားပေးကာ ဒေသခံ ထူးခြားချက်ဝိသေသနှင့် လိုက်လျောညီထွေဖြစ်အောင်လုပ်ကာ စိုက်ပျိုးရေး၊ သတ္တုတူးဖော်ရေး၊ လူမှုရေးနှင့် ပြည်သူတို့၏ စားဝတ်နေရေးစသည့် နယ်ပယ်များတွင် ပူးပေါင်းဆောင်ရွက်လိုကြောင်း၊ တရုတ်-ပါကစ္စတန် စီးပွားရေးစင်္ကြံ၏ "အဆင့်မြှင့်တင်ထားသောဗားရှင်း"ကို ဗဟိုပြုပြီး အရည်အသွေးမြင့်မားသော တရုတ်- ပါကစ္စတန် စီးပွားရေးစင်္ကြံ အတူတည်ဆောက်ရေးကို နက်နက်ရှိုင်းရှိုင်းနှင့် လက်တွေ့ကျကျ တည်ဆောက်လိုကာ ပါကစ္စတန်၏ လူမှုစီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု အတွက် အထောက်အကူပြုမည်ဖြစ်‌ကြောင်း  အလေးထားပြောကြားခဲ့ပါသည်။

ရှာဘတ်စ်က တရုတ်-ပါကစ္စတန် စီးပွားရေးစင်္ကြံသည် ပါကစ္စတန်နိုင်ငံ၏ ဖွံ့ဖြိုး တိုးတက် မှုကို အားကောင်းစွာ မြှင့်တင်ပေးခဲ့ပြီး ပါကစ္စတန်ပြည်သူများကို အမှန် တကယ် အကျိုး ပြုခဲ့ ကြောင်း၊ ပါကစ္စတန်နိုင်ငံသည် တရုတ်နိုင်ငံ၏ တိုင်းပြည်စီမံအုပ်ချုပ်ရေး ဆိုင်ရာ အတွေ့အကြုံများကို နည်းယူလေ့လာပြီး တရုတ်နိုင်ငံနှင့်အတူ အရည်အသွေးမြင့်မားသော "Belt and Road" အတူတည်ဆောက်ရေးကို ဆက်လက်ဆောင်ရွက်ကာ နယ်ပယ် အသီးသီးတွင် လက်တွေ့ ကျသော ပူးပေါင်းဆောင်ရွက်မှုများကို နက်ရှိုင်းစွာ မြှင့်တင် သွား မည် ဖြစ်ကြောင်း ပြောကြား ခဲ့ပါသည်။