ပင်လယ်ရေအောက်ကြမ်းပြင်တွင် နှစ်ပေါင်း ၈၀၀နီးပါး ကြာမြင့် ခဲ့သော သင်္ဘောပျက်၏ သင်္ချိုင်းကမ္ပည်းကျောက်များကို ဗြိတိန်ရှေးဟောင်းသုတေသန ပညာရှင်များ ရှာဖွေ တွေ့ရှိ

(GMT+08:00)2024-06-08 14:43:58  

ဒေသစံတော်ချိန် ဇွန်လ ၄ရက်နေ့က ဗြိတိန်နိုင်ငံ Dorset၌ ပင်လယ်ဆိုင်ရာ ရှေးဟောင်းသုတေသနပညာရှင်များသည် ၁၃ရာစုက Mortar သင်္ဘောပျက်မှ ကောင်းမွန်စွာ ထိန်းသိမ်းထားသော သင်္ချိုင်းကမ္ပည်းကျောက်အချို့ကို ရှာဖွေတွေ့ရှိခဲ့ကြပါသည်။ ယင်းသင်္ချိုင်းကမ္ပည်းကျောက်များသည် Studlandပင်လယ်ကွေ့ ပင်လယ်ကြမ်းပြင်၌ နှစ်ပေါင်း ၈၀၀နီးပါး ကြာမြင့် ခဲ့ကြပြီဖြစ်ပါသည်။