ဖိလစ်ပိုင်သည် Ren'ai Reef ကို ထာဝရ သိမ်းပိုက်ရန် မကြံစည်ရဟု တရုတ်နိုင်ငံခြားရေး ဝန်ကြီးဌာနဆို

(GMT+08:00)2024-06-08 14:28:48  

တရုတ်နိုင်ငံ ပင်လယ်ကမ်းခြေစောင့်တပ်ဖွဲ့သည် ဖျားနာနေသည့် ဖိလစ်ပိုင်စစ်တပ်မှ တပ်ဖွဲ့ဝင်တစ်ဦးအား Ren'ai Reef မှ ထွက်ခွာမည်ကို တားဆီးခဲ့ကြောင်း ဖိလစ်ပိုင်ကမ်းခြေစောင့်တပ်ဖွဲ့က စွပ်စွဲခြင်းနှင့်ပတ်သက်ပြီး တရုတ်နိုင်ငံက မည် သို့ တုံ့ပြန်မည်နည်းဟု သတင်းထောက်တစ်ဦးက ဇွန်လ ၇ ရက်နေ့က ကျင်းပသော တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပုံမှန် သတင်းစာ ရှင်းလင်းပွဲတွင် မေးမြန်းခဲ့ပါသည်။

တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနမှ ပြောရေးဆိုခွင့်ရှိသူ မော်နင်က Ren’ai Reef နှင့် ပတ်သက်၍ တရုတ်နိုင်ငံ၏ ရပ်တည်ချက်မှာ ရှင်းလင်းပြတ်သားကြောင်း၊ ဖိလစ်ပိုင်ဘက်က တရုတ်နိုင်ငံကို ကြိုတင် အကြောင်းကြားထားလျှင် ဖိလစ်ပိုင်မှ သောင်တင်နေသည့် စစ်သင်္ဘောအား လိုအပ်သော နေထိုင်မှု ထောက်ပံ့ရေးပစ္စည်းများ ပို့ဆောင်ရန်နှင့် သက်ဆိုင်ရာ ဝန်ထမ်းများ ထွက်ခွာရန် တရုတ်နိုင်ငံက ခွင့်ပြုနိုင်မည်ဖြစ်ကြောင်း၊ သို့သော် ဖိလစ်ပိုင်က ၎င်းကို အကြောင်းပြချက်အဖြစ် အသုံးပြုပြီး သောင်တင်နေသည့် စစ်သင်္ဘောသို့ ဆောက်လုပ်ရေးပစ္စည်းများ သယ်ယူပို့ဆောင်ကာ Ren'ai Reefကို ထာဝရ သိမ်းပိုက်ရန်  မကြံစည်ရ ကြောင်း ပြောကြားခဲ့ပါသည်။