တရုတ်ကမ်းခြေစောင့်တပ်သည် Diaoyu ကျွန်း၌ တရုတ်၏ အချုပ်အခြာအာဏာ ကာကွယ် ရေး ကင်းလှည့်မှုဆိုင်ရာ ဂျပန်မှ သတင်း ဖြန့် ခြင်းကို တုံ့ပြန်ပြောကြား

(GMT+08:00)2024-06-08 14:30:01  

တရုတ်ကမ်းခြေစောင့်တပ်မှ ပြောရေးဆိုခွင့်ရှိသူ Gan yu က ဇွန်လ ၇ ရက်နေ့က တရုတ်ကမ်းခြေစောင့်တပ်မှ ၂၅၀၁ သင်္ဘောစု၏ တရုတ်ပြည် Diaoyu ကျွန်း ပင်လယ်ပိုင်နက်တွင် ဥပဒေနှင့်အညီ အချုပ်အခြာအာဏာ ထိန်းသိမ်းကာကွယ်ရေး ကင်းလှည့်မှုသည် နိုင်ငံတော်အချုပ်အခြာအာဏာပိုင်မှု၊ လုံခြုံမှုနှင့် ပင်လယ်ရေကြောင်းရေးရာ အခွင့်အရေးများကို ကာကွယ်သည့် ပုံမှန်လုပ်ဆောင်ချက်ဖြစ်ပြီး၊ ဒေသတွင်း ငြိမ်းချမ်း တည်ငြိမ်မှုထိန်းသိမ်းပြီး၊ ယခုရက်များတွင် ဂျပန်ဘက်မှ အပျက်သဘောဆောင်သော အပြုအမူကို တုံ့ပြန်ရန် လိုအပ်သော လုပ်ဆောင်ချက်ဖြစ်ကြောင်း၊ တရုတ် ကမ်းခြေ စောင့်တပ်အနေနှင့် ဥပဒေနှင့်အညီ တရုတ်ပင်လယ်ပိုင်နက်တွင် ကင်းလှည့်မှုနှင့် ဥပဒေစိုးမိုးမှုကို အားဖြည့်ပြုလုပ်ပြီး အခွင့်အရေးထိပါးမှုနှင့် ရန်စမှု ကြံစည်ချက် မှန်သမျှကို ပြတ်ပြတ်သားသား ရှုံးနိမ့်စေမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်ဟု သတင်းအရသိရပါသည်။