တောင်ပင်လယ်ပြဿနာနှင့်ပတ်သက်၍ မလေးရှားဝန်ကြီးချုပ်၏ ပြောကြားချက်

(GMT+08:00)2024-06-08 14:42:07  

၃၇ကြိမ်မြောက် အာရှ-ပစိဖိတ် စားပွဲဝိုင်းအစည်းအဝေးသို့ တက်ရောက်ခဲ့စဉ် ဖိလစ်ပိုင် ကိုယ်စားလှယ်တစ်ဦး၏မေးမြန်းချက်ကို ဖြေကြားရာတွင် မလေးရှားနိုင်ငံ ဝန်ကြီးချုပ် Anwarက တောင်ပင်လယ်ပြဿနာကို ပြင်ပအင်အားများ ဝင်ရောက်စွက်ဖက်မှု မရှိသင့်ပြီး ဝင်ရောက်စွက်ဖက်လျင် တောင်ပင်လယ်အခြေအနေ ပို၍ ရှုပ်ထွေးစေမည်ဖြစ်ကြောင်း ပြောကြား ခဲ့သည်ဟု မလေးရှား သတင်းဌာနမှ သတင်းအရ သိရပါသည်။

တစ်ချိန်တည်းတွင် Anwarက အာဆီယံနိုင်ငံများနှင့်တရုတ်နိုင်ငံတို့သည် တောင် ပင်လယ်ငြိမ်းချမ်းရေးနှင့် တည်ငြိမ်ရေးကို အတူထိန်းသိမ်းစောင့်ရှောက်သော ရပ်တည် ချက်ကို ထပ်လောင်း ဖော်ပြခဲ့ပါသည်။

မလေးရှားနိုင်ငံသည် ၂၀၂၅ခုနှစ်တွင် အာဆီယံအလှည့်ကျသဘာပတိနိုင်ငံအဖြစ် တာဝန် ထမ်းဆောင်မည်ဖြစ်ပါသည်။