တရုတ်နိုင်ငံမှ နိုင်ငံတကာ ယဉ်ကျေးမှု ဆိုင်ရာ ဆွေးနွေးခြင်းနေ့ ထားရှိရန် အဆိုပြုချက်ကို ကုလသမဂ္ဂ အထွေထွေ ညီလာခံက အတည်ပြု

(GMT+08:00)2024-06-08 14:30:33  

ဒေသစံတော်ချိန် ဇွန်လ ၇ရက်နေ့က ၇၈ကြိမ်မြောက် ကုလသမဂ္ဂ အထွေထွေညီလာခံက တရုတ်နိုင်ငံမှ တင်သွင်းသော ယဉ်ကျေးမှု ဆိုင်ရာ ဆွေးနွေးခြင်းနေ့ ထားရှိရန် အဆိုပြုချက်ကို တစ်ညီတစ်ညွတ်တည်း အတည်ပြုခဲ့ကြကြောင်း၊ အတည်ပြုဆုံးဖြတ်ချက်တွင် ယဉ်ကျေးမှု၏ အောင်မြင်မှုအားလုံးသည် လူသားတစ်ရပ်လုံး၏ ဘုံကြွယ်ဝမှုဖြစ်ကြောင်း၊ အမျိုးအစားမတူညီသော ယဉ်ကျေးမှုများကို ရိုသေလေးစားပြီး ကမ္ဘာ့အေးချမ်းတည်ငြိမ်မှု ထိန်းသိမ်းကာကွယ်ရေး၊ အတူတကွ ဖွံ့ဖြိုးတိုးတက်မှု တိုးမြှင့်ရေး၊ လူသားတို့၏ ချမ်းသာသုခ တိုးပွားစေရေးနှင့် အတူတကွ ဖွံ့ဖြိုးတိုးတက်မှု အကောင်အထည်ဖော်ဆောင်ရေး အတွက် ယဉ်ကျေးမှု ဆိုင်ရာ ဆွေးနွေးခြင်းသည် အရေးပါသည်ဟု အလေးထားဖော်ပြကြောင်း၊ မတူညီသော ယဉ်ကျေးမှုများအကြား တန်းတူညီမျှစွာ ဆွေးနွေးခြင်းနှင့် အပြန်အလှန် ရိုသေလေးစားခြင်းကို တိုက်တွန်းပြီး သမ္မတရှီကျင့်ဖိန် အဆိုပြုသော ကမ္ဘာ့ ယဉ်ကျေးမှု ဆိုင်ရာ အဆိုပြုချက် ၏ အဓိကအနှစ်သာရကို အပြည့်အဝ ဖော်ပြကြောင်း၊ ဇွန်လ ၁၀ရက်နေ့ကို နိုင်ငံတကာ ယဉ်ကျေးမှု  ဆိုင်ရာ ဆွေးနွေးခြင်းနေ့ အဖြစ် သတ်မှတ်ထားကြောင်း သတင်းအရ သိရပါသည်။