ငါးမွေးမြူရေးသည် ကမ္ဘာလုံးဆိုင်ရာ ငတ်မွတ်မှုပြဿနာကို ဖြေရှင်းရန် မျှော်လင့်ချက်ပေးသည်ဟု ကုလသမဂ္ဂ စားနပ်ရိက္ခာနှင့်လယ်ယာစိုက်ပျိုးရေးအဖွဲ့က ဆို

(GMT+08:00)2024-06-08 14:32:16  

ဒေသစံတော်ချိန် ဇွန်လ ၇ရက်နေ့က ကုလသမဂ္ဂ စားနပ်ရိက္ခာ နှင့် လယ်ယာ စိုက်ပျိုးရေးအဖွဲ့သည် “၂၀၂၄ခုနှစ် ကမ္ဘာ့ငါးလုပ်ငန်းနှင့် ငါးမွေးမြူရေး အခြေအနေ ဆိုင်ရာအစီရင်ခံစာ”(SOFIA)ကို ထုတ်ပြန်ခဲ့ပါသည်။ ၂၀၂၂ခုနှစ် ကမ္ဘာ့ငါးလုပ်ငန်းနှင့် ငါးမွေးမြူမှု ထုတ်လုပ်ရေးပမာဏသည် တန်ချိန် ၂၂၃.၂သန်းအထိ တိုးမြင့်လာပြီး ၂၀၂၀ပြည့်နှစ်ကထက် ၄.၄ ရာခိုင်နှုန်းတိုးများလာပါသည်။ ၎င်းအနက် ငါးမွေးမြူရေး ထုတ်လုပ်ရေးပမာဏသည် တန်ချိန် ၁၃၀.၉သန်းရှိပြီး စံချိန်သစ်တင်ခဲ့ကာ ကမ္ဘာလုံးဆိုင်ရာ ငတ်မွတ်မှုပြဿနာကို ဖြေရှင်းရေးနှင့် ပင်လယ်သမုဒ္ဒရာထိန်းသိမ်းစောင့်ရှောက်ရေးအတွက် မျှော်လင့်ချက်ရှိသော လမ်းကြောင်း တစ်ခု လည်း ဖြစ်ပါသည်။