ထိုင်ဝမ်သို့ လက်နက်ရောင်းချမှု အစီအစဉ်ကို ရိုပ်သိမ်းရန် အမေရိကန်အား တိုက်တွန်းထားပြီး ပြည်သူ့ လွတ်မြောက်ရေး တပ်မတော်သည် တပ်ဖွဲ့ဝင်များ လေ့ကျင့်မှုနှင့် စစ်ပွဲအတွက် ပြင်ဆင်မှုများ ဆက်လက် အားကောင်းနေကြောင်း တရုတ်ကာကွယ်ရေးဝန်ကြီးဌာနဆို

(GMT+08:00)2024-06-08 14:29:20  

     တရုတ်နိုင်ငံတော်ကာကွယ်ရေးဝန်ကြီးဌာနမှ ပြောရေးဆိုခွင့်ရှိသူ ကျန်း‌လျှော်ကမ်းက ထိုင်ဝမ် ဒေသသို့ အမေရိကန်မှ လက်နက်ရောင်းချရေးအစီအစဉ်နှင့်ပတ်သက်၍ သတင်းထောက်များ၏ မေးမြန်း ချက်များကို ဖြေကြားရာတွင် တရုတ်ပြည် တစ်ပြည်တည်းသာရှိရေးမူနှင့် တရုတ်-အမေရိကန် ပူးတွဲကြေညာချက် (၃) ရပ်ပါ ပြဋ္ဌာန်းချက်များကို စောင့်စည်းလိုက်နာရန်၊ ထိုင်ဝမ်သို့ လက်နက်ရောင်းချမှု အစီအစဉ်ကို ချက်ချင်း ရုပ်သိမ်းရန်၊ ထိုင်ဝမ်အား မည်သည့် နည်းနှင့်မဆို လက်နက်တပ်ဆင်ခြင်းကို ရပ်တန့်ရန်နှင့် လက်တွေ့ကျသော လုပ်ဆောင်ချက်များဖြင့် တရုတ်-အမေရိကန် တပ်မတော်များအကြား ဆက်ဆံရေးကို ထိန်းသိမ်းထားရန် တရုတ်က အမေရိကန်ကို တိုက်တွန်းထားကြောင်း၊ တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ်မတော်သည် စစ်ရေး လေ့ကျင့်မှုများနှင့် စစ်ပွဲအတွက် ပြင်ဆင်မှုများ ဆက်လက်အားကောင်းနေပြီး နိုင်ငံတော်၏ အချုပ် အခြာ အာဏာပိုင်မှုနှင့် နယ်မြေတည်တံ့ပြည့်စုံမှုကို ပြတ်ပြတ်သားသား ကာကွယ်မည်ဖြစ်ကြောင်း ပြောကြား သွားပါသည်။