7th CIIE အတွက် ပြခန်းပေါင်း တစ်ထောင်ကျော် လက်မှတ်ရေးထိုးခဲ့သည်

(GMT+08:00)2024-06-07 15:59:53  

၇ ကြိမ်မြောက် တရုတ် နိုင်ငံတကာ သွင်းကုန် ကုန်စည်ပြပွဲ CIIE ကို ကျင်းပရန် ရက်ပေါင်း ၁၅၀ သာ လိုတော့ပြီး ပြင်ဆင်မှုလုပ်ငန်းများကို အဆင်ပြေစွာ လုပ်ဆောင်နေပါသည်။ ဇွန်လ ၆ ရက်နေ့အထိ နိုင်ငံနှင့် ဒေသပေါင်း ၇၀ ကျော်မှ ကုမ္ပဏီ ၁၀၀၀ ကျော်သည် ကော်ပိုရိတ်စီးပွားရေး ပြပွဲအတွက် စာချုပ်များ ချုပ်ဆိုခဲ့ပြီး ပြပွဲဧရိယာ စတုရန်းမီတာ ၃၂၅၀၀၀ ကျယ်ဝန်းကာ Fortune 500 ကုမ္ပဏီနှင့် စက်မှုလုပ်ငန်း ဦးဆောင်ကုမ္ပဏီ ၂၆၀ ပါဝင်သည်။

၇ ကြိမ်မြောက် တရုတ်နိုင်ငံတကာ သွင်းကုန်ကုန်စည်ပြပွဲတွင် စားသောက်ကုန်နှင့် စိုက်ပျိုးရေး ထွက်ကုန်များ၊ မော်တော်ကားများ၊ နည်းပညာဆိုင်ရာ စက်ကိရိယာများ၊ လူသုံးကုန်ပစ္စည်းများ၊ ဆေးဘက်ဆိုင်ရာပစ္စည်းများနှင့် ဆေးဝါးများ၊ ဝန်ဆောင်မှုကုန်သွယ်ရေး အဓိကပြပွဲကြီး ခြောက်ခုနှင့် ဆန်းသစ်တီထွင်ရေးဇုန်တို့ကို ဆက်လက်ထားရှိမည်ဖြစ်ပြီး  စားသောက်ကုန်၊ လူသုံးကုန်ပစ္စည်းများနှင့် ဆေးဘက်ဆိုင်ရာ ကုန်စည်ပြပွဲများအတွက် စာချုပ်ချုပ်ဆိုထားသည့် ဧရိယာသည် စီစဉ်ထားသည့်ဧရိယာ၏ ၉၀ ရာခိုင်နှုန်းကျော်ရှိပြီး ကျန်ပြပွဲများအတွက် စာချုပ်ချုပ်ဆိုထားသည့် ဧရိယာမှာလည်း ၈၀ ရာခိုင်နှုန်းကျော်ရှိသည်ဟု သိရပါသည်။