လျန်ယူကမ် ပင်လယ် တမံသည် ပင်လယ်ပြင်ပေါ်မှ မဟာတံတိုင်းရှည်ကြီးကဲ့သို့ ကြီးကျယ် ခမ်းနား

(GMT+08:00)2024-06-07 16:03:37  

ဇွန်လ ၅ ရက်နေ့တွင် ကျန်းစူး ပြည်နယ် လျန်ယူကမ် မြို့ရှိ ပင်လယ်တာတမံသည် ပေကု တောင်နှင့် လျန်ကျွန်းကို ဆက်သွယ်ပေးပြီး အပြာရောင် ပင်လယ်ပြင်ပေါ်မှ မဟာတံတိုင်း ရှည်ကြီး ကဲ့သို့ ကြီးကျယ်ခမ်းနားလှသည်။

လျန်ယူကမ် ပင်လယ် တမံ၏ အရှည်မှာ မီတာ ၆၇၀၀ ရှိပြီး တရုတ်ပြည်၌ အရှည်ဆုံးသော ပင်လယ် တာတမံဖြစ်သည်။ ယင်းသည် ပင်လယ် နှစ်ဖက်ကမ်းမှ ပြည်သူများ သွားလာမှု အဆင်ပြေစေပြီး လျန်ကျွန်း နှင့် လျန်ယူကမ်မြို့မှ ဆိပ်ကမ်းအကြားတွင် ၃၀ စတုရန်းကီလိုမီတာ ကျယ်ဝန်းသော ဆိပ်ကမ်းဧရိယာကောင်း တစ်ခု ဖန်းတီးပေးကာ ဆိပ်ကမ်းဧရိယာအတွင်းတွင် တစ်နှစ်ပတ်လုံး ရေမခဲသည့်အပြင် လေနှင့်လှိုင်းလည်း ငြိမ်သက်ပါသည်။