China Media Group သည် ၂၀၂၄ခုနှစ် ကောက်ညှင်းထုတ်ပွဲတော် အထူးအစီအစဉ် များကို မိတ်ဆက်

(GMT+08:00)2024-06-07 15:56:25  

China Media Group ၏ ၂၀၂၄ခုနှစ် ကောက်ညှင်းထုတ်ပွဲတော် အထူးအစီအစဉ်များ သည် အဆင်သင့်ဖြစ်နေပြီ ဖြစ်ပါသည်။ ဇွန်လ ၆ ရက်နေ့က China Media Group သည် ဘေကျင်းမြို့တွင် ၂၀၂၄ခုနှစ် ကောက်ညှင်းထုတ်ပွဲတော် အထူးအစီအစဉ်များ မိတ်ဆက်ပွဲ ကို ကျင်းပခဲ့သည်။ တရုတ်ကွန်မြူနစ်ပါတီဗဟိုကော်မတီ ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး၊ China Media Group ဥက္ကဋ္ဌ ရှင့်ဟိုင်ရှုံ သည် မိတ်ဆက်ပွဲသို့ တက်ရောက်ပြီး တရုတ်စာရေးဆရာများအသင်း ဒုတိယဥက္ကဋ္ဌ Li Jingze ၊ China Media Group ဒုတိယဥက္ကဋ္ဌ Wang Xiaozhen ၊ တရုတ်ပြည်သူ့နိုင်ငံရေးအတိုင်ပင်ခံကွန်ဖရင့် ဟူပေ ပြည်နယ်ကော်မတီ ဒုတိယဥက္ကဋ္ဌ Ma Xumin တို့နှင့်အတူ အစီအစဉ်များကို ဖွင့်လှစ်ပေးခဲ့ကြ ပါသည်။