တောင်ပင်လယ်ဆိုင်ရာ အနုညာတ စီရင်ဆုံးဖြတ်ချက်တွင် အဖြစ်မှန်အပေါ် မှားယွင်းစွာ စီရင်အတည်ပြုခြင်းကြောင့် တရုတ်နိုင်ငံက လက်မခံ

(GMT+08:00)2024-06-07 16:07:58  

တောင်ပင်လယ်ဆိုင်ရာ အနုညာတ စီရင်ဆုံးဖြတ်ချက်ကို လေ့လာသုံးသပ်ခြင်း နိုင်ငံတကာ နှီးနှောဖလှယ်ပွဲကို ဇွန်လ ၆ ရက်နေ့က စန်းတုန်းပြည်နယ် ချင်းတောင်မြို့မှာ ကျင်းပခဲ့သည်။ နှီးနှောဖလှယ်ပွဲတွင် ပြည်တွင်းပြည်ပမှ ပညာရှင်များသည် အပြည်ပြည် ဆိုင်ရာ ဥပဒေ ရှုထောင့်မှနေ တောင်ပင်လယ်ဆိုင်ရာ အနုညာတ စီရင်ဆုံးဖြတ် ချက်ဆိုင်ရာ ပြဿနာများကို လေးနက်စွာ တိုင်ပင်ဆွေးနွေးခဲ့ကြပါသည်။

   ၂၀၁၃ ခုနှစ်တွင် ဖိလစ်ပိုင်မှ တစ်ဖက်သတ် တင်ပြခဲ့သည့် တောင်ပင်လယ်ဆိုင်ရာ အနုညာတ စီရင်ချက်သည် အမှန်တော့ ဥပဒေ အမည်ဖြင့် ပြုလုပ်ခဲ့သည့် နိုင်ငံရေး ဟာသဇာတ်လမ်းကြီး ဖြစ်သည်။ တောင်ပင်လယ်ဆိုင်ရာ အနုညာတ စီရင်ဆုံး ဖြတ်ချက် သည် တရားမဝင် ဖြစ်ပြီး အာဏာတည်ခြင်း မရှိဟု တရုတ်နိုင်ငံက တစ်လျှောက် လုံး ခံယူကာ ယင်းစီရင်ဆုံးဖြတ်ချက်အပေါ် မူတည်ထားသော ခံယူချက်နှင့် ဆောင်ရွက်ချက် တစ်စုံတစ်ခုကို လက်မခံကြောင်း ဖော်ပြခဲ့သည်။ ယခုအကြိမ် နှီးနှောဖလှယ်ပွဲတွင် ပညာရှင်များသည် တောင်ပင်လယ်ဆိုင်ရာ အနုညာတ စီရင်ဆုံးဖြတ် ချက်၏ တရားမျှတမှု ရှိမရှိ၊ အာဏာသက်ရောက်မှု ရှိမရှိနှင့် ၎င်း၏ အနုတ်လက္ခဏာ သက်ရောက်မှု အကြောင်းများကို တိုင်ပင်ဆွေးနွေးခဲ့ကြပါသည်။