China Media Group သုတေသနအသင်း တည်ထောင်

(GMT+08:00)2024-06-07 15:54:28  

China Media Group သုတေသနအသင်းကို ဇွန်လ ၇ ရက်နေ့တွင် ဘေကျင်း၌ တည်ထောင်ခဲ့ပါသည်။ တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ ပြန်ကြားရေး ဝန်ကြီးဌာန ဒုတိယ ဝန်ကြီး၊ China Media Group ဥက္ကဋ္ဌ ရှင့်ဟိုင်ရှုံ၊ တရုတ် လူမှု သိပ္ပံပညာ တံခွန် အသင်းကြီး ဥက္ကဋ္ဌ၊ တရုတ်သမိုင်း သုတေသနအသင်း ဥက္ကဋ္ဌ ကောရှန်တို့သည် တည်ထောင် ပွဲ အခမ်းအနားသို့ တက်ရောက်ပြီး China Media Group သုတေသနအသင်းနှင့် ဒေါက်တာ ဘွဲ့လွန်များ သိပ္ပံပညာ သုတေသနဌာနအတွက်လည်း ဆိုင်းဘုတ်တင် ဖွင့်လှစ် ပေးခဲ့ ကြပါသည်။

    China Media Group သုတေသနအသင်းသည် China Media Group ကို မူတည်ပြီး နိုင်ငံတကာ အဆင့်မြင့် တတ်သိပညာရှင်အဖွဲ့ကို အဓိက ရည်မှန်းချက် အဖြစ် ထားကာ နိုင်ငံတော်၏ အရေးကြီးသည့် မဟာဗျူဟာမြောက် လိုအပ်ချက်များကို ဝိုင်းဝန်းပြီး အမြော်အမြင်ရှိသည့်၊ ရည်မှန်းချက်ရှိသည့် မူဝါဒများ သုတေသနပြုရေးကို ဆောင်ရွက်မည် ဖြစ်သည်ဟု China Media Group မှ သတင်းအရ သိရပါသည်။