ဂျပန် မော်တော်ကား ကုမ္ပဏီများ၏ စုပေါင်း လိမ်လည်မှု

(GMT+08:00)2024-06-07 16:08:54  

ဇွန်လ ၆ ရက်နေ့ နံနက်စောစောပိုင်းက ဂျပန် ရုပ်မြင်သံကြားဌာန များစွာတွင် ဂျပန် အစိုးရ အရာရှိများ နာမည်ကြီး မော်တော်ကား ထုတ်လုပ်ရေး ကုမ္ပဏီ ဟွန်ဒါ ကုမ္ပဏီ ဌာနချုပ်သို့ ဝင်ရောက် စစ်ဆေးမှုများ ပြုလုပ်သည့် သတင်းကို ထုတ်လွှင့်ပြသခဲ့သည်။ လွန်ခဲ့သည့် ရက်အနည်းငယ်က ဟွန်ဒါ အပါအဝင် ဂျပန် မော်တော်ကား ကုမ္ပဏီ ငါးခုက စမ်းသပ်မှု ဒေတာအချက်အလက်များ လိမ်လည်မှု ရှိကြောင်း သတင်းပေါက်ကြား လာခဲ့ သည်။ 

   ယခုအကြိမ် ဂျပန် မော်တော်ကား ကုမ္ပဏီများ၏ လိမ်လည်မှု သတင်းတွေ ပေါက်ကြား လာခြင်းသည် ပြီးခဲ့သည့်နှစ်က တိုင်ကြားစာ တစ်စောင်ကနေ စတင်ခဲ့ခြင်း ဖြစ်သည်။ မော်တော်ကား ကုမ္ပဏီ Daihatsu မှ တိုင်ကြားသူ တစ်ဦးသည် ဂျပန် လမ်းပန်း ဆက်သွယ် ရေးဌာနသို့ Daihatsu ကုမ္ပဏီ၏ လိမ်လည်မှု ပြုလုပ်ခြင်း အကြောင်းကို တိုင်ကြားခဲ့သည်။ Daihatsu ကုမ္ပဏီက မော်တော်ကားများ၏ ကားတိုက်မှု စမ်းသပ် တိုင်းတာမှုများ ပြုလုပ် ပြီးနောက် ဒေတာအချက်အလက်တွေကို အတုပြုလုပ်ပြီး ကြပ်မတ် ရေးဌာနသို့ တင်ပြခဲ့ သည်ဟု တိုင်ကြားစာထဲတွင် ဖော်ပြခဲ့သည်။ လွန်ခဲ့သည့်နှစ် ဒီဇင်ဘာလက ဂျပန် အစိုးရ သည် စုံစမ်းစစ်ဆေးမှု ရလဒ်ကို ထုတ်ပြန်ကာ Daihatsu ကုမ္ပဏီ ၏ ဤကဲ့သို့သော အတုအပ ပြုလုပ်ခြင်းသည် နှစ်ပေါင်း ၃၀ ကျော်တောင် ရှိပြီဟု သိရပါသည်။

   ယခုနှစ် မေလ လကုန်အထိ ဂျပန် လမ်းပန်းဆက်သွယ်ရေး ဌာန၏ စုံစမ်း စစ်ဆေး မှုများအရ တိုယိုတာ၊ ဟွန်ဒါ၊ မာဇဒါ၊ Yamaha ၊ ဆူဇူကီး အပါအဝင် ဂျပန် အဓိက မော်မော်ကား ကုမ္ပဏီ ငါးခုမှ မော်တော်ကား ၃၈ မျိုးတွင် လိမ်လည်မှု ပြုလုပ်ခြင်း တွေ့ရှိပြီး ယင်းတို့အနက် ၆ မျိုးကို ဈေးကွက်များတွင် ရောင်းချနေဆဲ ဖြစ်သည်။ 

  ၂၀၁၇ ခုနှစ်က Kobe Steel. Ltd ၏ ဒေတာအချက်အလက် လိမ်လည်မှု၊ ၂၀၂၁ ခုနှစ်က Mitsubishi၏ ဒေတာ လိမ်လည်မှု၊ ၂၀၂၂ ခုနှစ်က Hino Motors၏ ဒေတာ လိမ်လည်မှု၊ ၂၀၂၃ ခုနှစ်က Dafa ၏စမ်းသပ်မှု ပရောက်ဂျက် လိမ်လည်မှု အစရှိသည့် ဂျပန် ထုတ်လုပ်မှုဆိုင်ရာ လိမ်လည်မှု ပြုလုပ်ခြင်းများ အဆက်အပြတ် ပေါက်ကြားလာခဲ့ပါသည်။

   ဂျပန်အစိုးရနှင့် ကုမ္ပဏီများသည်  ကဏ္ဍစုံ ပြုပြင် ပြောင်းလဲမှု ပြုလုပ်ရမည်။ မိမိကိုယ့်ကိုယ်တိုင်ရော သူတစ်ပါးထိခိုက်ခြင်းမျိုးကိုလည်း ဆက်မလုပ်ပါနှင့်။ နူးယောက်တိုင်းမ်စ်၏ ဆောင်းပါးတစ်ပုဒ်တွင် ထောက်ပြ ထားသလို ဂျပန်ပြည်သူများနှင့် ကမ္ဘာ့ဒေသအသီးသီးမှ စားသုံးသူ အားလုံးသည် ဂျပန်၏ ထုတ်လုပ်မှုဆိုင်ရာ ပြဿနာများကို အရင်းအမြစ်မှနေ ဖြေရှင်းရန် စောင့်မျှော်နေသည်ဟု China Media Groupမှ သတင်းဆောင်းပါး တစ်ပုဒ်တွင် ရေးသားဖော်ပြထားပါသည်။