ကျဲ့ကျန်းပြည်နယ် တုန်းယန်မြို့တွင် "လေထဲမှ" ဖရဲသီးများ ဈေးကွက်ထဲ ဝင်လာ

(GMT+08:00)2024-06-07 16:04:47  

ဇွန်လ ၆ ရက်နေ့တွင် ကျဲ့ကျန်းပြည်နယ် တုန်းယန်မြို့ ဟွာယွမ်ကျေးရွာမှ ခေတ်မီ လယ်ယာ စိုက်ပျိုးရေး ဂေဟစနစ် ဖန်လုံအိမ်တွင် 3D စိုက်ပျိုးရေး နည်းပညာဖြင့် စိုက်ပျိုးထားသော ဖရဲသီး များနှင့် ရွှေဖရုံသီးများ ကောင်းမွန်စွာ ကြီးထွားရင့်မှည့်လာပြီး ဝန်ထမ်းများက ခူးဆွတ် နေကြ ပါသည်။ 

၂၀၂၃ ခုနှစ်မှစပြီး ဟွာယွမ်ကျေးရွာမှ ခေတ်မီ လယ်ယာ စိုက်ပျိုးရေး ဂေဟစနစ် ဖန်လုံအိမ်တွင် ဖရဲသီးနှင့် ရွှေဖရုံသီး မျိုးသစ်များကို စတင် စိုက်ပျိုးပြီး 3D စိုက်ပျိုးရေး နည်းပညာကိုလည်း အသုံး ပြုခဲ့သည်။ လွန်ခဲ့သည့် ရက်များအတွင်း ဤ "လေထဲ အမြင့်နေရာမှ" သစ်သီးများ မှည့်လာပြီး စျေးကွက်ထဲ ဝင်လာသည်။