အစ္စရေးကာကွယ်ရေးတပ်ဖွဲ့သည် ကန်ထုတ်လုပ်သော ဗုံးများဖြင့် ဂါဇာဒုက္ခသည်စခန်းရှိ စာသင်ကျောင်းတစ်ကျောင်းကို ဗုံးကြဲတိုက်ခိုက်ခဲ့သည်ဟု ဆန်းစစ်ချက်တွင် တွေ့ရှိ

(GMT+08:00)2024-06-07 15:55:35  

အခင်းဖြစ်ပွားရာနေရာမှ ဗီဒီယိုကို ဆန်းစစ်မှုနှင့် လက်နက်ကိုင်ကျွမ်းကျင်သူများ၏ စိစစ်သုံးသပ်မှုအရ အစ္စရေးကာကွယ်ရေးတပ်ဖွဲ့မှ ဂါဇာဒေသအလယ်ပိုင်း Nuseirat ဒုက္ခသည်စခန်းရှိ စာသင်ကျောင်းတစ်ကျောင်းအား ဗုံးကြဲတိုက်ခိုက်မှုတွင် အသုံးပြုခဲ့သည့် ဗုံးများကို အမေရိကန်နိုင်ငံမှ ထုတ်လုပ်ခြင်း ဖြစ်ကြောင်း၊ အနည်းဆုံးဗုံး၂လုံး၏ အပိုင်းအစ များကို ရှာဖွေတွေ့ရှိခဲ့ပြီ ဖြစ်ကြောင်း အမေရိကန် CNN က ဇွန်လ ၆ ရက်နေ့က ဖော်ပြထားပါသည်။

    အစ္စရေးကာကွယ်ရေးတပ်ဖွဲ့သည် အမေရိကန်နိုင်ငံမှ ထုတ်လုပ်သော လက်နက်များ ဖြင့် ဂါဇာဒေသကို ကြိမ်ဖန်များစွာ တိုက်ခိုက်ခဲ့ပြီ ဖြစ်ကြောင်း၊ မေလ ၂၆ ရက်နေ့က အစ္စရေးကာကွယ်ရေးတပ်ဖွဲ့သည် အမေရိကန်နိုင်ငံမှ ထုတ်လုပ်သော ဗုံးများဖြင့် ဂါဇာဒေသ တောင်ပိုင်း ရာဖာမြို့ရှိ ဒုက္ခသည်စခန်းတစ်ခုကို ဗုံးကြဲတိုက်ခိုက်ခဲ့ရာ လူအမြောက်အမြား သေကျေအနာတရဖြစ်စေခဲ့ရကြောင်း သတင်းအရ သိရပါသည်။