ရှင်းကျန်း ယီးနင်မှ ထွက်ခွာသော ပြည်တွင်းထုတ် ကုန်တင်လေယာဉ်သည် ပြည်ပသို့ ပထမဆုံးအကြိမ် ပျံသန်း

(GMT+08:00)2024-06-07 16:05:42  

ဇွန်လ ၆ ရက်နေ့တွင် အီလက်ထရွန်းနစ်ပစ္စည်းများ တင်ဆောင်ထားသော ပြည်တွင်းထုတ် ARJ21-700 လေယာဉ်သည် ရှင်းကျန်း ယီးနင်မှ ဥဇဘက်ကစ္စတန်Tashkent သို့ ပျံသန်းခဲ့သည်။ ယင်းသည် တရုတ်ပြည်တွင်းထုတ် ကုန်တင်လေယာဉ် ပြည်ပသို့ ပထမဆုံးအကြိမ် ပျံသန်းခြင်းဖြစ်ပြီး တရုတ် ပြည်တွင်းထုတ် ကုန်တင်လေယာဉ်ဖြင့် ဖွင့်လှစ်ထားသော ပထမဆုံးသော နိုင်ငံတကာ ကုန်စည်လမ်းကြောင်းလည်း ဖြစ်ပါသည်။

ARJ21-700 လေယာဉ်သည် တရုတ်နိုင်ငံ၏ ပထမဆုံးသော နိုင်ငံတကာလေကြောင်းဆိုင်ရာ စံနှုန်းများအရ ထုတ်လုပ်သည့်၊ ကိုယ်ပိုင် မူပိုင်ခွင့် ပိုင်ဆိုင်သော လေယာဉ်ဖြစ်သည်။ ကုန်တင်လေယာဉ်များ နိုင်ငံတကာကုန်စည်ပို့ဆောင်ရေးလမ်းကြောင်းဖွင့်လှစ်ခြင်းသည် ရှင်းကျန်း၏ တံခါးဖွင့်စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုအတွက် အခွင့် အလမ်း သစ်များ ကို ဆောင်ကြဉ်းပေးလာပါသည်။