ဘိုလီးဗီးယားတွင် တံတားပြိုကျမှုကြောင့် အနည်းဆုံး လူ ၈ဦးသေဆုံး

(GMT+08:00)2024-06-07 16:02:07  

ဇွန်လ ၅ ရက်နေ့ညက  ဘိုလီးဗီးယားနိုင်ငံ အရှေ့မြောက်ပိုင်း ဘီနီပြည်နယ် Santa Ana de Yakuma မြို့နယ်၌ တံတားပြိုကျခဲ့၍  လူ ၈ ဦးထက်မနည်း သေဆုံးပြီး ၁၀ ဦး ကျော် ဒဏ်ရာရရှိခဲ့ကြောင်း ဘိုလီးဗီးယားနိုင်ငံ အရှေ့မြောက်ပိုင်းဘီနီပြည်နယ် ပြည်သူ့ရေးရာ ဌာနက ဇွန်လ  ၆ရက်နေ့က အတည်ပြုခဲ့သည်။

    သေဆုံးသူအားလုံးသည် တံတားအောက်တွင် အနားယူနေသည့် ဒေသခံ တောင်သူ များ ဖြစ်ပြီး ၎င်းတို့သည် ငှက်ပျောသီးနှင့် ပီလောပီနံ စသည့် လယ်ယာထွက်ကုန်များ ကို ရောင်းချရန် မြို့နယ်သို့ ရောက်ရှိလာသော အနီးနားနေထိုင်သော အင်ဒီယန် လူမျိုး များ ဖြစ်သည်။